7/21/2016

♪ “ASUS Zenfone Max” ♫


ASUS Zenfone Max ကိုဖောင်းကြွပုံစံသားရေအမျိုးအစားဖြင့် ပုံဖော်ပေးထား ပါတယ်။ Zenfone Max ရဲ့ ဒီဇိုင်းဟာလှပကြော့ရှင်းပြီး ပြိုင်ဘက်ကင်းသော စွမ်းရည်အပြည့်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ထို့အပြင် Rear-etching နည်းပညာဖြင့် Zenfone Max ၏ ထိတွေ့မှုအသစ်ကိုခံစားနိုင် ပါတယ်။ ပါးလွှာသည့် ပုံစံထုထည်အနေအထားအဖြစ် Zenfone Max တွင် 5.2 mm နှင့် အလေးချိန်အားဖြင့် 202 Grams သာရှိပြီးပေါ့ပါးသောဒီဇိုင်းပုံစံ အနေအထားဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

ASUS Zenfone Max တွင် ၅.၅ လက်မအကျယ်အနေအထားနှင့် 1280 × 720 HD IPS မျက်နှာပြင် အမျိုးအစားဖြင့် ဖန်တီးတည်ဆောက်ထားသောကြောင့် အမြင်အာရုံကို ၁၇၈ ဒီဂရီအနေအထားမျိုးဖြင့် ဆွဲဆောင်ဖမ်းယူစေနိုင်ပါတယ်။ နာမည်ကျော် SHARP ကုမ္ပဏီ၏ LCD နည်းပညာဖြင့် ASUS Zenfone Max သည် ကျွန်ုပ် တို့၏ အမြင်အာရုံကို267 PPI Pixel Density နီးပါးညှို့ယူဆွဲဆောင်စေပါတယ်။ ထို့အပြင် ASUS Zenfone Max တွင် ASUS ၏ ကိုယ်ပိုင်ဖန်တီးမှုတစ်ခုဖြစ် သော TruVival နည်းပညာကိုထည့်သွင်းတည်ဆောက်ထားသောကြောင့် မူလပုံစံအလွှာလေးလွှာအစားပါးလွှာလှသည့် အလွှာနှစ်လွှာပုံစံကိုပြောင်းလဲ ကာအမြင်အာရုံတောက်ပမှုကို ဖြစ်ပေါ်စေပါတယ်။

ဖန်သားCover နှင့် Touch Panel ပုံစံတို့ကြောင့် လေခိုနေမှုကိုပယ်ဖျောက်စေပြီးလျှင် ASUS Zenfone Max အပေါ် ထိတွေ့မှုအားလုံးသည် သုံးစွဲသူတို့ကိုကောင်းမွန်သော ခံစားမှု အတွေ့အကြုံများရရှိစေနိုင်ပါလိမ့်မယ်။ Gorilla Glass 4 ဖန်သား နည်းပညာ တို့ဖြင့် တည်ဆောက်ထားသောကြောင့် ASUS Zenfone Max သည် ယခင် ဖန်သားနည်းပညာသုံးဖန်သားများထက် ပိုမိုပါးလျပြီးမာကျောသော မျက်နှာပြင်ကိုပိုင်ဆိုင်ထားပါတယ်။

Zenfone Max တွင် Qualcomm ၏ Quad Core Snapdragon 410 Processor ကိုထည့်သွင်းအသုံးပြုထားပါသည်။ အမြင့်မားဆုံး စွမ်းဆောင်ရည် နှင့် မြင့်မားသည့်စွမ်းအင်ချွေတာနိုင်စွမ်း တို့ကြောင့် သုံးစွဲသူတို့၏ ကင်မရာ အသုံးပြုရာတွင် ပုံရိပ်များကိုလျင်မြန်စွာဖြင့် ရိုက်ကူး မှတ်တမ်းတင်နိုင်ခြင်း အပြင် HD Video မှတ်တမ်းများရိုက်ကူးခြင်းနှင့် တည်းဖြတ်ရာတွင်လည်း ဘက်ထရီစွမ်းအားအသုံးပြုမှုကိုသက်သာစေနိုင်သောကြောင့် ကြာရှည်စွာဖြင့် အသုံးပြုနိုင် ပါတယ်။

Category 4 LTE နည်းပညာကြောင့် အင်တာနက် အသုံးပြုရာတွင် တစ်စက္ကန့်ကို ၁၅၀ မီကာဘိုက်ဖြင့် လျင်မြန်သော အင်တာနက်လိုင်းဆွဲအားကိုရရှိစေနိုင်ပါတယ်။ Zenfone Max တွင် 450 MHz Adreno 306 GPU နည်းပညာ၊ OpenGL ES 3.1 နည်းပညာ၊ 2 GB RAM နှင့် 802.11 b/g/n တို့၏ နည်းပညာတို့ကိုထည့်သွင်းအသုံးပြုထားပါတယ်။ ဆင်းကတ်နှစ်ကတ်လည်းတစ်ပြိုင်တည်းသုံးနိုင်ပါတယ်။

<Specification>
Network - GSM/WCDMA/LTE
Processor - Quad Core 1.2 GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v 4.0
Storage - 16 GB
OS - Android OS, v5.0.1
Contact - 09-32466699
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com