7/17/2016

♪ “Asus က Laptop,Tablet နှစ်မျိုးသုံး ZenBook ကို ရောင်းချ” ♫


Asus က ပါးလွှာ ပေါ့ပါးပြီး လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး ZenBook ကို ရောင်းချပေးလိုက်ပါတယ်။ ZenBook Flip UX360CA လို့ အမည်ပေးထားပြီး Display ကို ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်ပါတယ်။ အဲဒီအတွက် တက်ဘလက်လို လည်း သုံးနိုင်တာ ဖြစ်ပါတယ်။

၁၈၀ ဒီဂရီ ခေါက်ချိုးထားရင် စားပွဲပေါ်မှာ ထောင်ပြီး ရုပ်ရှင်၊ ဗီဒီယိုများ ကြည့်နိုင်ပါတယ်။ Intel Core M Processor ထည့်သွင်းထားပြီး ဘက်ထရီမှာ တစ်ခါအားသွင်းထားလျှင် ၁၀ နာရီ အသုံးခံ တယ်လို့ Asus က ပြောပါတယ်။ အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပြီး ၁၃.၉ မီလီမီတာ အထူရှိပါတယ်။ ၂.၉ ပေါင်သာ အလေးချိန်ရှိပါတယ်။ ၁၃.၃ လက်မ အရွယ် Full HD 1920x1080 Pixels Resolution Display တပ်ဆင် ထားပါတယ်။

CPU မှာ Intel HD Graphics 515 တပ်ဆင်ထားပါတယ်။ 8GB RAM ပါရှိပါတယ်။ ဆက်သွယ်မှု အပိုင်းမှာ USB-C Port, USB 3.0 Port များ ပါရှိပြီး လျင်မြန်စွာ အားသွင်းနိုင်တဲ့ Asus Charger + နည်းပညာ ပါရှိပါတယ်။ micro HDMI Connector, SDXC Card Reader တပ်ဆင်ထားပါတယ်။ WiFi, Bluetooth 4.1 များကို အသုံးပြုနိုင်ပါတယ်။ MS Precision Touchpad ပါရှိပြီး တုန့်ပြန်မှုအား အလွန်ကောင်းတယ်လို့ Asus က ပြောပါတယ်။

စက်ထဲမှာ ပန်ကာ တပ်ဆင်ထားခြင်း မရှိဘဲ အလိုအလျောက် အေးမြနေတဲ့ နည်းပညာ ကို ထည့်သွင်း ထားပါတယ်။ အမေရိကန်မှာ 256GB SSD Model ကို ၆၉၉ ဒေါ်လာ ၊ 512GB SSD Model ကို ၇၉၉ ဒေါ်လာဖြင့် ရောင်းချပေးနေပါပြီ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com