7/22/2016

♪ ကျန်းမာရေးနဲ့အညီ လမ်းထလျှောက်ပေးမှ ကိုယ်သုံးချင်တဲ့ App ကို ဖွင့်ပေးမယ့် StepLock အက်ပလီကေးရှင်း ♫


၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ ထွက်ရှိလာတဲ့ စမတ်ဖုန်းမော်ဒယ်အသစ်တော်တော်များများမှာ အသုံးပြုသူရဲ့ ကိုယ်ကာယလှုပ်ရှားမှုကို သိရှိနိုင်ဖို့အတွက် ခြေလှမ်းအရေအတွက်တိုင်း pedometer ပါရှိပါတယ်။

ကျနော်တို့ရဲ့ ကာယလှုပ်ရှားမှုအချိန်တွေ တော်တော်များများကို သိမ်းပိုက်ထားတဲ့ စမတ်ဖုန်းတစ်လုံးကို သူ့မှာပါတဲ့လုပ်ဆောင်ချက်နဲ့ပဲ ကျနော်တို့ ပြန်အနိုင်ယူရမှာပါ။

Android developer တစ်ဦးဖြစ်သူ Leonardo Cavaletti ရေးဆွဲထားတဲ့ StepLock app ဟာ ဖုန်းမှာပါရှိတဲ့ pedometer ကို အသုံးပြုထားပြီး၊ အသုံးပြုသူရဲ့ ခြေလှမ်းအရေအတွက်ကို မှတ်သားထားနိုင်ပါတယ်။

ဒီနည်းလမ်းအားဖြင့် ထိုင်ရာကမထ သဲကြီးမဲကြီးသုံးနေတဲ့ app တွေကို StepLock ကနေ ခြေလှမ်းအရေအတွက်နဲ့ ပိတ်ထားပစ်နိုင်ပြီး၊ သုံးချင်တယ်ဆိုရင်တော့ ထိုင်ရာကထပြီး၊ တကယ်လမ်းထွက်လျှောက်ပေးရမှာဖြစ်ပါတယ်။ ကျန်းမာရေးအတွက် တကယ့်ကိုအကျိုးရှိတဲ့ Android app ပဲဖြစ်ပါတယ်။

ကိုယ်သုံးနေကျ app တစ်ခုကို StepLock ထဲမှာထည့်ပြီး၊ ခြေလှမ်းအရေအတွက်သတ်မှတ်ပေးလိုက်ရင်၊ သတ်မှတ်ထားတဲ့ခြေလှမ်းအရေအတွက်ပြည့်မှ app က ပွင့်သွားမှာဖြစ်ပါတယ်။ ခြေလှမ်းမပြည့်ခင်မှာ အဆိုပါ app ကို လုံးဝအသုံးပြုနိုင်မှာမဟုတ်ပါဘူး။

ဒါဆို StepLock သုံးပုံလေးကြည့်လိုက်ရအောင်။

၁။ ပထမဦးဆုံး StepLock ကို Play Store ကနေ ဒေါင်းလုဒ်ဆွဲရပါမယ်။

နာမည်က “Step Lock – Wall & Unblock Apps” ဆိုတာဖြစ်ပြီး၊ ဖိုင်ဆိုက်က 2MB လောက်သာ ရှိပါတယ်။

android-step-counter-makes-you-get-off-your-ass-use-your-apps.w1456

 

၂။ Apps တွေကို Lock လုပ်မယ်

StepLock ကို စဖွင့်လိုက်တာနဲ့ Set-up တစ်ခုပေါ်လာမှာဖြစ်ပြီး၊ ထို့နောက် App ရဲ့ main menu ထဲ ရောက်သွားပါမယ်။
App ရဲ့ ညာဘက်အောက်ခြေထောက်မှာမြင်ရတဲ့ အပေါင်းပုံစံလေးကိုနှိပ်ပြီး၊ ခြေလှမ်းနဲ့ ကိုယ် lock ချချင်တဲ့ app ကို ရွေးပါ။ ဥပမာ ‘Facebook’ ကို ရွေးလိုက်ပြီဆိုရင် + ခလုတ်နဲ့ – ခလုတ်တို့ကို တွေ့မြင်ရမှာဖြစ်ပြီး၊ ကိုယ့်စိတ်ကြိုက်ခြေလှမ်းအရေအတွက်ကို ပေးထားနိုင်ပါ တယ်။ ပြီးရင် အောက်နားက ‘Add’ ဆိုတာ နှိပ်လိုက်ပါ။ StepLock အခမဲ့ဗားရှင်းမှာ App နှစ်ခု lock ပေးထားနိုင်ပြီး၊ အကုန်ပေးထားချင်တယ်ဆိုရင်တော့ ၁.၄၉ ဒေါ်လာပေးရမှာဖြစ်ပါတယ်။

၃။ လမ်းစလျှောက်ပါ

အခုကစပြီးတော့၊ သင်အပြင်မှာ တကယ်လမ်းလျှောက်တဲ့အတိုင်း ခြေလှမ်းအရေအတွက် မှတ်သားပေးထားမှာဖြစ်ပြီး၊ ကိုယ်သတ်မှတ်ထားတဲ့ခြေလှမ်းပြည့်မှ App ကို ဖွင့်ပေးမှာဖြစ်ပါတယ်။ ခြေလှမ်းသတ်မှတ်ထားမှုကို ညနက်ချိန်မှာ reset ပြန်လုပ်မှာဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com