7/05/2016

♪ Android OS မှာ Root လုပ်စရာ မလိုပဲ စိတ်ကြိုက်ပြုပြင်ပြောင်းလဲနိုင်တဲ့ အရာများ ♫


Android ဖုန်းတွေမှာ မိမိစိတ်ကြိုက် ပုံစံတွေဒီဇိုင်းတွေကို ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် Android ဖုန်းတွေကို Root လုပ်မှရမယ်လို့ ထင်ထားကြပါတယ်။ အကြီးစား အကြောင်းအရာများအတွက်တော့ မှန်ကောင်းမှန်ပေမဲ့ အသေးစား အချက်အလက်တွေအတွက်တော့ Root လုပ်စရာ မလိုအပ်ပါဘူး။ တကယ်တော့ Android ဖုန်းတစ်လုံးရဲ့ ဒီဇိုင်းကို စိတ်ကြိုက်ပြောင်းလဲနိုင်ဖို့အတွက် Root လုပ်စရာ မလိုအပ်ပါဘူး။ Root လုပ်စရာမလိုပဲ သင့် Android ဖုန်းရဲ့ OS ဒီဇိုင်းကို ပြောင်းလဲနိုင်မယ်ဆိုရင်တော့ သင့်ဖုန်းရဲ့ Warranty လည်းပျက်ပြယ်စရာ မလိုတော့ဘူးပေါ့။ တစ်ခါတစ်လေမှာ Root လုပ်လိုက်ခြင်းရဲ့ ဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။ ဒီတော့ ဘယ်ချက်တွေက သင့်ရဲ့ Android ဖုန်း ပုံစံဒီဇိုင်းကို Root လုပ်စရာမလိုအပ်ပဲ ပြောင်းလဲနိုင်မှာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Launchers
Android မှာ Root မလုပ်ပဲ ပြောင်းလဲနိုင်တဲ့ ဒီဇိုင်းကတော့ Launchers ဖြစ်ပါတယ်။ အခုဆိုရင်လည်း Launcher မျိုးစုံကလည်း လူသုံးများနေပြီဆိုတော့ မိမိကြိုက်နှစ်သက်ရာ Launcher မျိုးစုံကို Download ပြုလုပ်ကာ ဒီဇိုင်းပုံစံပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ အရင်ကတော့ Next Launcher တို့ဆိုတာ နာမည်ကြီးခဲ့တဲ့ Launcher တွေဖြစ်ပြီး အခုချိန်မှာတော့ Nova Launcher, Buzz Launcher နဲ့ Window Launcher တို့လို လူကြိုက်များလှတဲ့ Launcher များနဲ့လည်း အစားထိုးကာ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

Wallpaper
မိမိစိတ်ကြိုက် Wallpaper များကို အသုံးပြုသူတို့ စိတ်ကြိုက် ပြောင်းလဲ အသုံးပြုခြင်းဟာလည်း Root လုပ်စရာမလိုအပ်ပဲ ပြောင်းလဲ အသုံးပြုနိုင်တဲ့ အရာတစ်မျိုးဖြစ်ပါတယ်။ Live Wallpaper များအသုံးပြုခြင်း၊ မျိုးစုံသော ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ Wallpaper များကိုပြောင်းလဲ အသုံးပြုခြင်းဟာလည်း အရင်ကထက် အမြင်ထူးခြားသွားစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

Widgets
မိမိ Android OS ရဲ့ ဒီဇိုင်းများကို နေရာ အထားအသိုမှန်မှန်နဲ့ အသုံးပြုထားခြင်းဟာလည်း Root လုပ်စရာ မလိုအပ်ပဲ အသုံးပြုနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိမိ Android OS ရဲ့ Screen ကိုစိတ်ကြိုက် ပုံစံ ဒီဇိုင်းနဲ့ ပြောင်းလဲနိုင်ဖို့အတွက် Widgets တွေကို အမျိုးမျိုးပြောင်းလဲကာ အသုံးပြုနိုင်ပါတယ်။ လူသုံးများတဲ့ Widgets တွေကတော့ Weather Widgets, News Widgets, Music Widgets တို့ဖြစ်ပါတယ်။ မိမိအလွယ်တကူ အသုံးပြုလိုတဲ့ Feature တွေကို စိတ်ကြိုက်စီမံကာ အသုံးပြုနိုင်ပါတယ်။

Icons
နောက်တစ်မျိုးကတော့ Icons တွေကို ပုံစံဒီဇိုင်း မျိုးစံပြောင်းလဲ အသုံးပြုခြင်းပါပဲ။ အသုံးပြုရလွယ်ကူပြီး ချစ်စရာ ဒီဇိုင်းလေးတွေနဲ့ စွဲဆောင်မှုရှိတဲ့ ဒီဇိုင်းလေးတွေကို စိတ်ကြိုက် ပြောင်းလဲနိုင်ပြီး အမြင်ဆန်းသစ်စေတဲ့ ပုံစံ ဒီဇိုင်းတွေထဲမှာ Icons ကလည်း အပါအဝင်ပါဖြစ်ပါတယ်။ မိမိစိတ်ကြိုက် စွဲဆောင်မှုရှိတဲ့ Icons တွေကို ပြောင်းလဲ အသုံးပြုနိုင်ဖို့အတွက် Icons Packs အမျိုးမျိုးကိုလည်း အွန်လိုင်းကနေရှာဖွေကာ Download ပြုလုပ်နိုင်ပါတယ်။

အထက်ဖော်ပြပါ အချက်တွေကတော့ မိမိရဲ့ Android ဖုန်းကို Root လုပ်စရာ မလိုအပ်ပဲ ပုံစံဒီဇိုင်း မျိုးစံ ပြောင်းလဲ အသုံးပြုနိုင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။

Ref: Droid Views
Aung Ko Htet (MMA)
#aungkohtet_mma




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com