Pokémon ပရိတ်သတ်တွေ စောင့်စားနေကြတဲ့ နာမည်ကျော် Augmented Reality ဂိမ်း Pokémon Go ဟာ အခုဆိုရင် Android အတွက်ကော iOS
အတွက်ပါ တရားဝင်ထွက်ရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့် သြစတြေးလျ နဲ့
နယူးဇီလန်ကနေပဲ ဒေါင်းလုဒ်ဆွဲနိုင်သေးတာကို တွေ့ရှိခဲ့ရပြီး၊
တခြားနိုင်ငံတွေမှာတော့ ခဏလောက်စောင့်ရဖွယ်ရှိပါတယ်။
Pokémon Go ဂိမ်းဟာ Nintendo နဲ့ developer Niantic Labs တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ဂိမ်းဖြစ်ပြီး၊ Pokémon အကောင်လေးတွေကို တကယ့်အပြင်ကမ္ဘာမှာ လိုက်ဖမ်းပြီးဆော့ကစားရမယ့်၊ အမိုက်စား AR ဂိမ်းတစ်ခုဖြစ်ပါတယ်။
ဒီဂိမ်းဟာ စမတ်ဖုန်းရဲ့ကင်မရာနဲ့ဆန်ဆာတွေကိုအသုံးပြုထားတဲ့အပြင်၊ တည်နေရာအခြေပြု အယ်လ်ဂိုရီသမ် ကိုအသုံးပြုကာ၊ အပြင်ကမ္ဘာမှာ Pokémon လေးတွေကို ထားပေးမှာဖြစ်ပါတယ်။ ထိုနေရာတွေကို ဂိမ်းဆော့သူက အပြင်မှာတကယ်လိုက်ရှာကာ၊ Pokémon အကောင်လေးတွေကို ဖမ်း၊ လေ့ကျင့်ပြီးရင်၊ Gym တွေမှာ တိုက်ခိုက်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
ဒီဂိမ်းကို Nintendo က ထုတ်တဲ့လက်ပတ် Pokémon Go: Plus နဲ့ တွဲကစားနိုင်ပြီး၊ Pokémon အကောင်နား ရောက်တဲ့အခါ လက်ပတ်ကလှမ်းသတိပေးမှာဖြစ်ပါတယ်။ ဒီလက်ပတ်ကတော့ ဂျူလိုင်လကုန်မှ ထွက်မှာပါ။
ဒီဂိမ်းဟာ တစ်နေရာတည်းမှာထိုင်ပြီး၊ ဆော့ကစားရမယ့်ဂိမ်းမျိုးမဟုတ်ဘဲ၊ အပြင်ကိုထွက်ပြီး၊ လူကိုယ်တိုင် လိုက်ကစားရမယ့်ဂိမ်းမျိုးဖြစ်တာကြောင့်၊ ထူးထူးခြားခြားဂိမ်းလေးတစ်ခုဖြစ်ပါတယ်။

www.pyaephyo.com