4/02/2016

♪ Xiaomi Mi Note 2 တွင် 3D Touch ပါဝင်လာဖွယ်ရှိ ♫


လအနည်းငယ်အတွင်း မြင်တွေ့ရဖွယ်ရှိသည့် Xiaomi Mi Note 2 ၏ အချက်အလက်အချို့ ထပ်မံထွက်ပေါ်လာခဲ့သည်။

Mi Note 2 တွင် ယခင် Mi Note အမျိုးအစားအတိုင်း ၅.၇ လက်မ display ကို QHD resolution ဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး 3D touch pressure sensitive လုပ်ဆောင်ချက် ပါဝင်လာဖွယ်ရှိကြောင်း ဆိုသည်။
ထို့အပြင် Mi Note 2 တွင် Snapdragon 820 သို့မဟုတ် 823 chipset ကို အသုံးပြုဖွယ်ရှိပြီး RAM မှာ 4GB သို့မဟုတ် 6GB အထိ ထောက်ပံ့ပေးဖွယ်ရှိကြောင်း သိရသည်။

သိုလှောင်မှုပမာဏအနေဖြင့်လည်း 32/64/128GB အပြင် 256GB ဖြင့်ပါ ရရှိနိုင်ဖွယ်ရှိသည်။ ကင်မရာတွင် 16MP Sony IMX298 sensor ကို အသုံးပြုထားပြီး ဘက်ထရီက 3,600mAh ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

မှတ်ချက် ။ ဖော်ပြပါ သတင်းဓာတ်ပုံမှာ Mi Note ပုံဖြစ်သည်။
Ref: GSMArena

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>