4/05/2016

♪ ငါးမိနစ်အားသွင်းရုံနဲ့ သီချင်း ၂ နာရီစာဖွင့်နိုင်မယ့် မြန်နှုန်းမြင့် Vivo V3 နဲ့ V3 Max ဖုန်း မကြာခင်ထွက်ရှိမည် ♫


အမိုက်စားလုပ်ဆောင်ချက်တွေ အများအပြားပါဝင်တဲ့ Vivo V3 နဲ့ Vivo V3 Max စမတ်ဖုန်းနှစ်မျိုးဟာ မကြာခင် ထွက်ရှိလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Vivo ကုမ္ပဏီကနေ နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ၊ V3 စမတ်ဖုန်းတွေမှာ LG G5 ဖုန်းမှာလို နောက်ဆုံးမျိုးဆက် လက်ဗွေရာဆန်ဆာပါဝင်လာမှာဖြစ်ပြီး၊ သတ္တုကိုယ်ထည်နဲ့ ဖြစ်မယ်လို့ သိရပါတယ်။

Vivo V3 နဲ့ V3 Max ဖုန်းနှစ်မျိုးလုံးရဲ့ ကြော်ငြာဆောင်ပုဒ်ကိုလည်း ‘Faster than Faster’ လို့ ပေးထားတာတွေ့ရတော့ စွမ်းဆောင်ရည်တော်တော်မြင့်မယ့်ဖုန်းတွေဖြစ်တယ်လို့ ယူဆရပါတယ်။

Vivo V3 Max ဖုန်းဟာ RAM 4GB နဲ့ ဖုန်းတွင်း ဒေတာသိမ်းဆည်းနိုင်မှု 32 GB တို့ ပါရှိကာ၊ ကင်မရာကိုလည်း ၀.၇ စက္ကန့်အတွင်းမှာ ဖွင့်နိုင်မှာဖြစ်ပါတယ်။ ကင်မရာဆုံချက်ချိန်မှုကလည်း ၀.၃ စက္ကန့်သာ ကြာမြင့်တာကြောင့် autofocus တော်တော်မြန်တဲ့ဖုန်း ဖြစ်ပါတယ်။

နောက်ထပ်အမိုက်စားလုပ်ဆောင်ချက်တစ်ခုကတော့ အားအမြန်သွင်းနည်းပညာပါဝင်တာကြောင့်၊ ငါးမိနစ် အားသွင်းရုံနဲ့ Hi-Fi အသံအရည်အသွေးမြင့်သီချင်းတွေကို ၂ နာရီစာ ဖွင့်နိုင်မှာဖြစ်ပါတယ်။ လက်ဗွေရာ ဆန်ဆာကလည်း အမြန်ဆုံးနဲ့ နောက်ဆုံးမျိုးဆက်ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

နောက်ထပ်ပါဝင်မယ့် လုပ်ဆောင်ချက်အသစ်တွေကို Vivo အနေနဲ့ မကြာမီကြေငြာသွားဖို့ရှိပြီး၊ ကျနော်တို့ Digital Times မီဒီယာကနေ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com