4/09/2016

♪ Transformer စက်ရုပ်အသွင်ပြောင်းလဲနိုင်တဲ့ တက်ဘလက်အရုပ်ကို Xiaomi ပြသ ♫


တရုတ်နည်းပညာကုမ္ပဏီ Xiaomi နဲ့ အမေရိကန်အရုပ်ကုမ္ပဏီ Hasbro တို့ ပူးပေါင်းကာ၊ Transformer စက်ရုပ်အသွင်ပြောင်းလဲနိုင်တဲ့ တက်ဘလက်အရုပ်တစ်မျိုးကို ထုတ်လုပ်လျက်ရှိပါတယ်။
Soundwave လို့ အမည်ပေးထားတဲ့ တက်ဘလက်စက်ရုပ်ဟာ Xiaomi ကုမ္ပဏီခြောက်နှစ်ပြည့်အထိမ်းအမှတ် အဖြစ် အမှတ်တရ ထုတ်လုပ်သွားမယ့် စက်ရုပ်ဖြစ်ပြီး၊ တကယ့်တက်ဘလက်အစစ် မဟုတ်ပါဘူး။
Soundwave စက်ရုပ်ဟာ တကယ့် Mi Pad 2 တက်ဘလက်ပုံစံအတိုင်း ကိုယ်ထည် ၇ မီလီမီတာအထူ၊ ၇.၉ လက်မအရွယ် မျက်နှာပြင်နဲ့ဖြစ်ကာ၊ တက်ဘလက်ကနေ စက်ရုပ်ပုံစံဖြစ်ဖို့ အဆင့်ပေါင်း ၃၀ လောက် ပြောင်းလဲပေးရမှာဖြစ်ပါတယ်။
Xiaomi ပရိတ်သတ်တွေအပြင်၊ Transformer ဇာတ်လမ်းတွဲပရိတ်သတ်တွေအနေနဲ့ အမှတ်တရ သိမ်းဆည်းထားနိုင်မယ့် Soundwave တက်ဘလက်စက်ရုပ်တစ်ရုပ်ကို ဒေါ်လာနှစ်ဆယ်နဲ့ ဧပြီ ခြောက်ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။
ဒေါ်လာ ၂၀ နဲ့ ဆိုတော့ ဈေးကလည်း သိပ်အများကြီးမဟုတ်တာကြောင့်၊ Xiaomi နဲ့ Transformer ပရိတ်သတ်တွေ မဖြစ်မနေ၀ယ်ယူသိမ်းဆည်းထားသင့်တဲ့ အရုပ်တစ်ခုဖြစ်ပါတယ်။
32DF36B000000578-3525300-image-a-60_1459891531751
Ref: DailyMail

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com