Lenovo A7000 Plus ဟာ Phablet ဖုန်းအမျိုးအစားတစ်ခုဖြစ်ကာ GSM, HSPA,
LTE Networks စနစ်တွေကို အသုံးပြုနိုင်ပြီး Micro SIM Card 2 Card ကို
ထည့်သုံးနိုင်ပါတယ်။ အဆိုပါ နည်းပညာပစ္စည်း၏ အရွယ်အစား ပမာဏက 152.6 × 76.2 ×
7.99 mm ရှိပြီး အလေးချိန်က 140g ရှိပါ တယ်။ ကိုင်တွယ်အသုံးပြုဖို့အတွက်
အဆင်ပြေပါမယ်။ ဖုန်းရဲ့ မျက်နှာပြင် သည် IPS Capacitive Touchscreen
အမျိုးအစားဖြစ်ပြီး အကျယ်အ၀န်း ပမာဏမှာ 5.5 inches ရှိပါတယ်။
မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ ပေးထားသော Pixels ပမာဏ သိပ်သည်းဆမှာ 1080
× 1920 ဖြစ်ပါတယ်။ ၁ လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 401ppi
ဖြစ်ပါတယ်။ သုံးစွဲနိုင်တဲ့ Multitouch စနစ်က Lenovo Vibe UI ဖြစ်ပါတယ်။
Multitouch စနစ်တွင် လက်ချောင်းငါးချောင်းအထက် အသုံးပြုနိုင်ပါမယ်။
ကင်မရာနှစ်မျိုးနှစ်စား ထည့်သွင်းပေးထားပါတယ်။ အနောက် ကင်မရာက 13MP စွမ်းရည်ရှိပြီး f2.0 ပါရှိကာ၊ Dual LED Flash ကို တွဲဖက်သုံးစွဲနိုင်ပါ မယ်။ ဗီဒီယို ရိုက်ကူးနိုင်မယ့် စွမ်းရည်မှာ 1080P ဖြစ်ကာ နှုန်းကတော့ တစ်စက္ကန့်ကို 30 frames ပါ။ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ရှိ ပါတယ်။ Geo-tagging, touch focus, face detection စသော ကင်မရာ ဆက်စပ်ပတ်သက်စနစ်များကိုလည်း အသုံးပြုနိုင်ပါမယ်။ RAM 2GB ကို ထည့်သွင်းပေးထားပြီး Internal Storage က 16GB ဖြစ်ပြီး အချက်အလက် အများအပြား သိမ်းဆည်းနိုင်စေဖို့အတွက်လည်း SD Card စနစ်ပါရှိပြီး၊ 32GB အထိ ထပ်မံစိုက်ထည့်သုံးနိုင်မှာပါ။ အသုံးပြုထားတဲ့ Chipset အမျိုး အစားကတော့ Media Tek MT 6752 ပဲဖြစ်ပါတယ်။ အားသွင်း အသုံးပြု ရမယ့် ဘက်ထရီအမျိုးအစားက 2900 mAh ရှိခြင်းကြောင့် အချိန်ကြာမြင့်စွာ သုံးနိုင်ပါမယ်။ Active noise cancellation with dedicated mic စနစ်လည်း ပါရှိပါတယ်။
<Specification>
Network - GSM / HSPA / LTE
Screen - 5.5 inches
Memory - 16 GB, up to 32 GB
Bluetooth - v4.0
CPU - Octa Core 1.7GHz
OS - Android OS, v5.0
Contact - 01-381035
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
Credit to = => Mobile Guide Journal