4/22/2016

♪ Android ဖုန်းထဲက မလိုအပ်တဲ့ System Apps တွေကို ဘယ်လိုဖျက်မလဲ ♫


စမတ်ဖုန်း နဲ့ တက်ဘလက်တွေ ၀ယ်ပြီးရင် ပထမဆုံး စိတ်ညစ်ရတာက၊ အသုံးမ၀င်တဲ့ system app တွေ ပါလာတာကိုပါ။ ဖုန်း Home Screen ပေါ်မှာ ဒီ app တွေ ပြည့်နေတာက တော်တော်စိတ်ရှုပ်စရာဖြစ်ပြီး၊ ဖုန်း storage လည်း အလကားနေရင်း ပြည့်နေတတ်ပါတယ်။ ဒါဆို ဒီကောင်တွေကို ဘယ်လိုဖြုတ်ပစ်မလဲ။
လွယ်ပါတယ်။ Android Transfer ဆိုတဲ့ ဆော့ဖ်ဝဲလေးပဲ လိုအပ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ system apps တွေကို ဖြုတ်နိုင်သလို၊ ဖုန်းထဲက ဖိုင်တွေကို backup လုပ်တာ၊ ကွန်ပြူတာထဲ ရွှေ့တာ၊ စသဖြင့် ဖိုင်အရွှေ့အပြောင်းလုပ်တာလည်း တော်တော်လေးကောင်းပါတယ်။
လုပ်နည်းအဆင့်ဆင့်ကတော့
(၁) ပထမဦးဆုံး Android Transfer ဆော့ဖ်ဝဲကို ကွန်ပြူတာကနေ ဒီမှာ ဒေါင်းလုပ်ဆွဲပါ။ Windows အတွက် ဒီမှာ ၊ Mac OS အတွက် ဒီမှာ ဆွဲနိုင်ပါတယ်။
(၂) ဒေါင်းလုဒ် လုပ်ပြီးသွားရင် Android Transfer ဆော့ဖ်ဝဲကို ကွန်ပြူတာမှာ သွင်းလိုက်ပါ။
(၃) ဖုန်းနဲ့ ကွန်ပြူတာကို USB ကြိုးနဲ့ ချိတ်ပါ။
သင့် Android ဖုန်း (သို့) တက်ဘလက်ကို USB ကြိုးသုံးပြီး ကွန်ပြူတာနဲ့ ချိတ်ပါ။ ဒါမှမဟုတ် Wi-Fi ကနေလည်း ချိတ်ဆက်နိုင်ပါတယ်။ ဖုန်းမှာ USB Debugging ကို ဖွင့်ထားပေးဖို့ လိုပါတယ်။
home
(၄) Preinstalled apps တွေကို ဖြုတ်မယ်
ဆော့ဖ်ဝဲရဲ့ ဘယ်ဘယ်အခြမ်းက Apps ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆို ကိုယ့်ဖုန်းထဲမှာသွင်းထားတဲ့ Apps တွေ အကုန်ကျလာပါမယ်။ ကိုယ်မလိုချင်တဲ့ Apps တွေကို အမှန်ခြစ် လိုက်ခြစ်ထားပါ။ ပြီးရင် Uninstall ဆိုတာ နှိပ်လိုက်တာနဲ့ ဆော့ဖ်ဝဲက unistall လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
uninstall-app1
သတိပြုရန် – အကြံပေးချင်တာက ကိုယ်ဖျက်မယ့် app က ဖုန်းအတွက် အရေးတကြီးလိုအပ်တဲ့ app လားဆိုတာ သေချာမသိဘူးဆိုရင်၊ ကွန်ပြူတာထဲကို export လုပ်ပြီး၊ backup လုပ်ထားပါ။
Ref: Transphone

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com