2/08/2016

♪ Xiaomi Mi 5 ကို Windows 10 Version ထုတ်လုပ်မည် ♫


စမတ်ဖုန်းထုတ်လုပ်သူများစွာက Microsoft ၏ Windows 10 Mobile OS ကို များစွာ အသုံးပြုခြင်းမရှိကြသေးသော်လည်း Xiaomi က Microsoft နှင့် ပူးပေါင်း၍ Mi 5 Windows 10 Version ကို ထုတ်လုပ်ရောင်းချမည်ဖြစ်သည်။ ယခင်ကလည်း ရှောင်မီနှင့် Microsoft တို့ ပူးပေါင်းခဲ့ပြီး စွမ်းဆောင်ရည်မြင့် Mi 4 အတွက် Windows 10 Mobile ROM ကို ထုတ်လုပ်ပေးခဲ့ပါသည်။

Mi Pad 2 အတွက်လည်း Windows 10 Desktop OS ကို ထုတ်လုပ်ပေးခဲ့ပါသည်။ Mi 5 Android Version ကို ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် Mobile World Congress တွင် မိတ်ဆက်မည်ဖြစ်သည်။ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် Windows 10 Mobile OS သည် Android နှင့် iOS တို့၏ နောက်တွင် တတိယအနေဖြင့် ရပ်တည်နေပါသည်။ Microsoft က တရုတ်နိုင်ငံတွင် Windows 10 Mobile ကို အောင်မြင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

Samsung, HTC နှင့် အခြား နာမည်ကြီး စမတ်ဖုန်းထုတ်လုပ်သူများသည် Android Handset များကိုသာ အဓိက ထုတ်လုပ်ရောင်းချနေသည့်အတွက် Microsoft ၏ ရှောင်မီနှင့် ပူးပေါင်းမှုသည် အကျိုးကျေးဇူးရှိစေမည်ဖြစ်သည်။ Microsoft က အောင်မြင်မှုမရခဲ့သော Windows Lumia Phone များ ထုတ်လုပ်ခြင်းကိုလည်း ရပ်နားလိုက်ပြီးဖြစ်ပါသည်။ သတင်းထွက်နေသည့် Surface Phone ကို မကြေညာသေးမီတွင် နောက်ဆုံးထုတ်လုပ်ခဲ့သော Lumia Phone များမှာ Lumia 950 , 950 XL တို့ဖြစ်ပါသည်။

Microsoft က www.surfacephone.com ၀က်ဆိုက်ကိုလည်း လွှင့်တင်ထားပြီးဖြစ်ပြီး စမတ်ဖုန်း စီးရီး အသစ်ကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။ အဆိုပါ စီးရီးသည် နာမည်ကျော် တက်ဘလက် ၊ လက်တော့ နှစ်မျိုးသုံး Device များနှင့် ဆင်တူမည်ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com