2/08/2016

♪ “OPPO Neo 5” ♫


ပြည်တွင်းဖုန်းဈေးကွက်ထဲကိုOPPO အမှတ်တံဆိပ်ရောက်ရှိလာမှုဟာ အချိန်ကြာခဲ့ပါပြီ။ သုံးစွဲသူများ နဲ့လည်း ရင်းနှီးမှုရှိနေပြီးမီဒီယာများတွင်လည်း ကြော်ငြာအားကောင်းကောင်းဖြင့် မိတ်ဆက်ပေးထား ပါတယ်။ ကင်မရာ လှည့်လည်အသုံးပြုနိုင်မယ့်စမတ်ဖုန်း၊ အပါးလွှာဆုံးစမတ်ဖုန်းများကို ရောင်းချပေး ထားသည့်အပြင် တန်ဖိုးသင့်တင့်သည့် အလယ်အလတ်အဆင့် ဟန်းဆက်များကိုလည်း တင်သွင်းရောင်းချပေးထားပါတယ်။ ယခု ဖုန်းအမျိုးအစား ကတော့ တောက်ပတဲ့အသွင်အပြင်နဲ့ရောင်ပြန် မျက်နှာပြင် ဒီဇိုင်းရှိသောNeo 5ပဲဖြစ်ပါတယ်။သူ့ရဲ့နောက်တွင်လည်းမျိုးဆက်သစ် ဖုန်းများ ထပ်မံထုတ်ထားပါသေးတယ်။ ခိုင်ခံ့တဲ့အတွင်းသတ္တုနှစ်လွှာရှိကာ 2G, 3G network သုံးစွဲနိုင်ပါမယ်။ ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 131.9x65.5x8mm ဖြစ်ပါတယ်။ အလေးချိန်က ဘက်ထရီအပါအ၀င် 135gရှိပါတယ်။

ဖုန်းရဲ့မျက်နှာပြင် အကျယ်အ၀န်းကတော့ 4.5 inches ရှိပါတယ်။ မြင်ကွင်း စွမ်းရည်အတွက် 480x854 pixels ပမာဏဖြင့် ထောက်ပံ့ပေးထားပြီး၊ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆ ကတော့ 218ppi ပါ။ ဓာတ်ပုံရိုက်ကူးနိုင်ဖို့အတွက် နောက်ကျောဘက်တွင် တပ်ဆင်ပေးထားသည့် အဓိကကင်မရာဟာ8MP စွမ်းရည်ရှိပြီး၊ Selfie ပုံများရိုက်ကူးဖို့အတွက် အသုံးပြုနိုင်မယ့်ရှေ့ကင်မရာငယ်ဟာ2MP စွမ်းရည် ဖြစ်ပါတယ်။ အသုံးပြု ရမယ့် OSအမျိုးအစားကတော့ Android OS,v4.4.2 ဖြစ်ပြီး၊ OPPO ရဲ့ Color OS 2.0 နှင့်တွဲဖက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Screen off Gestures စနစ်ကိုလည်းသုံးစွဲနိုင်ပါမယ်။ Wet touch လည်းရရှိနိုင်ပြီး၊ အခြားSensor စနစ်တွေလည်းပါရှိပါသေးတယ်။

မှတ်ဥာဏ်ပမာဏအတွက် ROM ကို8GB နဲ့ RAM ကို1GB ထည့်သွင်းပေးထားပါ တယ်။ Dual Sim အမျိုးအစားဖြစ်ပြီး၊ အားသွင်းရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Po 2000mAh ပါ။ 3G network တွင် အချိန်ကြာမြင့်စွာစကားပြောဆိုနိုင်ပါမယ်။

<Specification>
Network - GSM/HSPA
Screen - 4.5 inches
Memory - 8 GB, up to 32 GB
Bluetooth - v4.0
CPU - Quad Core 1.3GHz
OS - Android OS, v4.4.2
Contact - 01-381035
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com