2/20/2016

♪ ပိုမိုအဆင့်မြှင့်တင်ထားခဲ့တဲ့ Samsung Galaxy J1 (2016) ♫


Samsung ဟာ မနှစ်က Galaxy J1 ဖုန်းကို စတင်ထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ Galaxy J1 2016 မှာ မျက်နှာပြင်၊ RAM၊ ဘက်ထရီ အစရှိတဲ့ အပိုင်းတွေမှာ အစစအရာရာ မနှစ်က Version ထက်ပိုမိုသာလွန်တာတွေ့ရပြီး ဖုန်းကာလာပိုင်းမှာလည်း အရောင်တွေတိုးပြီးထုတ်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဈေးနှုန်းကလည်း မြန်မာကျပ်ငွေ ၁၃၅၀၀၀ ခန့်သာရှိလို့ လုပ်ဆောင်ချက်နဲ့ စာလို့ရှိရင် အတော်လေးကိုသင့်တင့်တဲ့ စမတ်ဖုန်းတစ်မျိုးလို့ဆိုရမှာဖြစ်ပါတယ်။
ဒီဇိုင်း

Samsung Galaxy J1 ဟာ ဒီဇိုင်းပိုင်းမှာ အကောင်းဆုံးပုံစံရှိမနေပေမယ့် သူ့တန်ဖိုးနဲ့ဆိုရင်တော့ အတော်လေးကို အမြင်အားဖြင့်သင့်တင့်တဲ့ ဖုန်းတစ်မျိုးလို့ဆိုရပါလိမ့်မယ်။ အတိုင်းအတာအနေနဲ့ 129×68.2×8.9 မီလီရှိပြီး အလေးချိန်က ၁၂၂ဂရမ်ရှိတာကြောင့် သင့်ရဲ့လက်ထဲမှာ အဆင်ပြေပြေ ကိုင်တွယ်နိုင်ပြီး သေးငယ်တဲ့ လွယ်အိတ်တွေနဲ့ ဘောင်းဘီအိတ်ကတ်တွေထဲမှာပါ အဆင်ပြေအောင် ထည့်ပြီးသွားနိုင်မှာဖြစ်ပါတယ်။
ပလက်စတစ်ကိုယ်ထည်နဲ့တည်ဆောက်ထားတာဖြစ်ပြီး Samsung ရဲ့ရိုးရာအတိုင်း Home Button နဲ့ ပါးပါးလေးချိုးကွေ့သွားတဲ့ထောင့်ချိုးတွေက ကိုင်တွယ်ဖို့အတွက် သက်သောင့်သက်သာရှိစေမှာပါ။ အရောင်အသွေးတွေက မနှစ်ကထွက်ခဲ့တဲ့ Version အရောင်တွေဖြစ်တဲ့ အဖြူနဲ့အနက်အပြင် ရွှေရောင်ကိုပါထပ်မံဖြည့်သွင်းထားတာဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်ကလွဲလို့ ဒီနေရာမှာ သတ္တုနဲ့ ဖန်သားကိုတွေ့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျစ်လျစ်လှပတဲ့ဒီဇိုင်းကအဆင်ပြေလွန်းလို့ မူရင်းထက်ကို နှစ်ဆလောက်ဈေးကြီးတဲ့ ဖုန်းတစ်လုံးလို့ ထင်ရမှာပါ။
မျက်နှာပြင်

Samsung Galaxy J1 ဟာ ၄.၅လက်မရှိတဲ့ 480×800 Pixels မျက်နှာပြင်ပါရှိပြီး တစ်လက်မမှာ 217 Pixels ရှိမှာဖြစ်ပါတယ်။ ဖုန်းအရွယ်အစားနဲ့ယှဉ်ကြည့်လိုက်ရင်တော့ မျက်နှာပြင်ဟာ မျှမျှတတ သေးငယ်တဲ့ အရွယ်အစားပါပဲ။ ရုပ်ရှင်နဲ့ဗီဒီယိုတွေကြည့်လို့တော့ သိပ်အဆင်မပြေနိုင်ဘူးပေါ့၊ ဒါပေမယ့် ဒီလိုမျိုး သေးငယ်တဲ့ မျက်နှာပြင်ရှိတဲ့ဖုန်းတွေ အားလုံးလိုလို ဒီလိုအားနည်းချက်လေးတွေ ရှိတာတော့ သတိပြုရမှာပါ။ မျက်နှာပြင်လေးလက်မရှိတဲ့ iPhone 5s တောင်မှပဲပေါ့။ Resolution ပိုင်းမှာလည်း ဖုန်းနဲ့လိုက်အောင်မျှမျှတတ ထည့်သွင်းထားပြီး ပြဿနာတစ်စုံတစ်ရာမရှိပါဘူး။
Power
1.3 GHz Quad-core Processor နဲ့ အလုပ်လုပ်မှာဖြစ်ပြီး RAM အနေနဲ့ကတော့ 1GB ရှိမှာဖြစ်ပါတယ်။ အရင်ထုတ်ခဲ့တဲ့ ၂၀၁၅ Version က 512MB သာရှိတဲ့ RAM နဲ့ ယှဉ်ကြည့်နိုင်ပါတယ်။ လိုအပ်ချက်တွေမြင့်မားတဲ့ ဂိမ်းအမြှင့်စားတွေဆော့ဖို့ အဆင်မပြေနိုင်ပေမယ့် App လေးတွေ၊ မီဒီယာနဲ့ တခြားအင်တာနက်သုံးတာ စတာတွေအတွက်တော့ လွယ်ကူချောမွေ့စွာပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Android 5.1.1 (Lollipop) နဲ့ အလုပ်လုပ်မှာဖြစ်ပြီး အရင်ဗားရှင်းထက် Processor ပိုင်းတွေ၊ Android Version တွေကို ပြောင်းလဲထုတ်လုပ်ထားတာတွေ့ရမှာပါ။
ကင်မရာ

ကင်မရာကတော့ 5-megapixels ရှိတဲ့ ကျောဘက်ကင်မရာနဲ့ 2-megapixels ရှိတဲ့ ရှေ့မျက်နှာကင်မရာ တို့ပါဝင်မှာဖြစ်တာကြောင့် ကင်မရာပိုင်းကတော့ သင့်တင့်တယ်လို့ဆိုရမှာပါ။ ဓာတ်ပုံဝါသနာရှင်တွေအတွက် ဖုန်းကောင်းတစ်မျိုးမဟုတ်ပေမယ့် ဆဲလ်ဖီရိုက်ချင်တဲ့သူတွေ ပေါ့ပေါ့ပါးပါးဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။
ဘက်ထရီ၊ မမ်မိုရီ နဲ့ ဆက်သွယ်မှု

2050 mAh လီသီယမ်အိုင်းယွန်းဘက်ထရီကိုအသုံးပြုထားပြီး ပမာဏကိုတိုးမြှင့်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဖုန်းဆက်တိုက်ပြောမယ်၊ သီချင်းနားထောင်မယ်ဆိုရင် Battery ဟာ ၁၁နာရီလောက်အထိ ဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီသက်တမ်းကျနေပြီဆိုရင် သင့်အနေနဲ့ Ultra Power Saving ဆိုတဲ့ Mode ကို Enable လုပ်ပြီး ဘက်ထရီသက်တမ်းကို ဆွဲဆန့်ထားနိုင်မှာဖြစ်ပါတယ်။
Inbuilt Storage အနေနဲ့ 8GB ပါဝင်မှာဖြစ်ပြီး microSD ကတ်ကို 128GB အထိထပ်မံ စိုက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ မမ်မိုရီပမာဏ များများပြားပြားကြိုက်ရင်တော့ သင့်အတွက်အဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။ ဆက်သွယ်နိုင်မှုမှာဆိုရင် Wi-Fi, 3G နဲ့ Bluetooth 4.0 ကိုထောက်ပံ့ထားတာဖြစ်ပါတယ်။
သုံးသပ်ချက်
Samsung Galaxy J1 2016 ဟာ အရင်ဆုံးထွက်ခဲ့တဲ့ Galaxy J1 ကိုထပ်မံအဆင့်မြှင့်တင်ထားတာကိုတွေ့နိုင်မှာဖြစ်ပါတယ်။ မနှစ်ကဖုန်းထက်စာရင် RAM, Processor, Storage, Battery စတဲ့အဓိက အပိုင်းတွေကို တိုးမြှင့်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ကင်မရာပိုင်းတစ်မျိုးပဲ မနှစ်ကဖုန်းနဲ့ အတူတူပါရှိတာဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဆဲလ်ဖီရိုက်မယ် ဓာတ်ပုံကောင်းကောင်း ရိုက်မယ်ဆိုရင်တော့ ဒီဖုန်းကသိပ်အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဈေးနှုန်းက ၁၃၅၀၀၀ လောက်သာရှိတဲ့ဖုန်းတစ်လုံးဖြစ်တာကြောင့် သင့်အနေနဲ့ တန်ဖိုးသင့်တင့်တဲ့ ဖုန်းခပ်ကောင်းကောင်းတစ်မျိုး လိုချင်တယ်ဆိုရင်တော့ သင့်တော်မယ့် ဖုန်းအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။

Samsung Galaxy J1 Rating






Ref: 3g.co.uk

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com