Mobile
Financial Services နှင့် ပတ်သက်၍ Telenor ၊ Wave Money နှင့် ရိုမဘဏ်တို့
ပူးပေါင်း၍ ဆွေးနွေးပွဲတစ်ခု ပြုလုပ်မည်ဖြစ်ပြီး မည်သူမဆို
တက်ရောက်နိုင်ကြောင်း သိရသည်။
လစဉ် ပုံမှန်ကျင်းပနေကျဖြစ်သည့် Net Monday အစီအစဉ်တွင် Telenor Mobile Financial Services နှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၈ ရက်၌ Telenor ရုံးချုပ်တွင် ကျင်းပသွားမည် ဖြစ်သည်။
ဆွေးနွေးပွဲကို ညနေ ၆ နာရီမှ ည ၈ နာရီခွဲအထိ ကျင်းပမည်ဖြစ်ပြီး ထိုင်ခုံအရေအတွက် ကန့်သတ် ထားကြောင်း၊ တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း Telenor က ကြေညာထားသည်။

Credit to ==> Internet Journal