2/04/2016

Cloud Storage Service ကိုအသုံးပြုကာ Data များကိုစိတ်ချလုံခြုံစွာသိမ်းဆည်းပုံ



မင်္ဂလာပါ သည်ဆောင်းပါးမှာတော့ ကျွန်တော် Cloud Storage Service တွေကို အသုံးပြုကာ မိမိတို့ရဲ့ Data တွေကို ဘယ်လို လုံဖြုံ စေအောင် ထားရှိသင့်တယ်ဆိုတဲ့ ဆောင်ရွက်ချက် နည်းလမ်းလေးတွေကို ဆိုဒ်တစ်ခုကနေ ပြန်လည် မျှဝေတင်ပြပေးမှာဖြစ်ပါတယ်.. မူရင်းဆိုဒ်တွေကနေ သင့်တော်သလို ဘာသာပြန် ဆိုပြီး.. မျှဝေပေးထားကြသော နည်းပညာညီကိုမောင်နှမများအားလုံးကို ကျွန်တော် ဘလော့ခရီးသည်  သည်နေရာကနေ သင်ဆရာ-မြင်ဆရာ-ကြားဆရာ  အားလုံး ဂါရ၀ပြုပါရစေ။
ကျွန်တော်တို့ ယနေ့ခေတ်တွင် Company များမှ သင်၏ Data များကို ထိန်းသိမ်းရန် Cloud Storage Service များ ပေးခြင်းဖြင့် Storage Method ကို တဖြည်းဖြည်း ပြောင်းလဲမှု ပြုလုပ်ခဲ့ပါသည်။ Music File, Picture နှင့် Sensitive Information များကဲ့သို့သော သင်၏ Data များကို Local Hard Drive များပေါ်တွင် သိမ်းခြင်းအစား အင်တာနက်ပေါ်တွင် ထားရှိခြင်းဖြစ်ပါသည်။ Data များသိမ်းဆည်းဖို့အတွက် External Hard Drive များဝယ်ယူခြင်း (သို့မဟုတ်) Data အသစ်များသိမ်းဆည်းရန် Data အဟောင်းများကို Delete လုပ်ရခြင်းများအတွက် Cloud Storage သည် ပို၍ အဆင်ပြေစေပြီး ကုန်ကျစရိတ်လည်း သက်သာစေပါတယ်။

Cloud Computing ပြုလုပ်ခြင်းကြောင့် Internet Capability ရရှိသော Multiple Device များမှနေ၍ သင်၏ Data များကို Backup ပြုလုပ်ခြင်း၊ Sync ပြုလုပ်ခြင်း နှင့် ရယူခြင်းများကို ပြုလုပ်နိုင်ပါသည်။

အကယ်၍ Cloud Computing ကို အသုံးပြုမည်ဆိုပါက မည်သည့် Cloud Service Provider (Company) ကို ရွေးချယ်အသုံးပြုမလဲ နှင့် တစ်ချို့သော Security Risk များကိုပါ သိရှိနားလည်ပြီး မည်သို့ကာကွယ်ခြင်းများ ပြုလုပ်သင့်သည်ကို လေ့လာထားသင့်ပါသည်။ Cloud Service ပေးသော Popular ဖြစ်သည့် Company များကို အောက်တွင် ဖော်ပြထားပါသည်။ ၄င်းတို့မှာ-

• Dropbox
• SugarSync
• Amazon Cloud Service
• Windows Live Mesh
• Box.net
• SpiderOak

ပထမအဆင့်အနေဖြင့် သင်၏ လိုအပ်ချက်နှင့် ကိုက်ညီသော Cloud Service Provider ကို ရွေးချယ်ခြင်း ဖြစ်ပါသည်။ ထိုသို့ရွေးချယ်ရာမှာလည်း အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

Are their security standards appropriate?

မိမိရွေးချယ်မည့် Company သည် Good Reputation နှင့် Solid Security Policy များရှိမရှိကို လေ့လာပါ။ သတိပြုရမည်မှာ သင်၏ Personal Infromation များကို သိမ်းဆည်းထားရှိရန် ၄င်း Company သည် ယုံကြည်ရမှု ရှိရမည် ဖြစ်ပါတယ်။

How much data will you be storing?

အချက်တစ်ခု အနေဖြင့် မိမိတို့သိမ်းလိုသော မိမိတို့၏ Data များ File များ၏ Size ကို ထည့်သွင်းစဉ်းစား ရမည်ဖြစ်ပါသည်။ Company အများစုကတော့ သင်တောင်းဆိုသော Storage ပမာဏကို service ပေးနိုင်မှာဖြစ်ပါတယ်။

Is your data encrypted when being uploaded to or downloaded from the colud?

Data များကို Upload နှင့် Download များမပြုလုပ်မီ မိမိတို့ အသုံးပြုသော Browser နှင့် Application များတွင် Encrypted Connection များဖြစ်ရန် လိုအပ်ပါတယ်။

Is your data encrypted when stored in the cloud?

Cloud Server တွင် မိမိ၏ Data သိမ်းဆည်းရာတွင် Encryption သုံးခြင်းရှိမရှိ ကို Terms of Service တွင် ကြည့်ရှုရပါမည်။ အကယ်၍ Encryption မသုံးထားပါက ၄င်း Cloud Server ကို High Level Access ရရှိသော သူများမှ မိမိ၏ File များကို ဖတ်နိုင်မည် ဖြစ်ပါသည်။ တစ်ချို့သော File များအတွက် ၄င်းအချက်သည် Issue မဟုတ်သော်လည်း ဘယ် Information တွေကို Cloud အပေါ်တွင် သိမ်းမလဲ ဆိုတာကို သင့်အနေဖြင့် Consider လုပ်သင့်ပါတယ်။

Understand how access is shared with your cloud folder.

တစ်ချို့သော Cloud Storage Provider များက မိမိရဲ့ Online Folder များကို တစ်ခြား လူများနှင့် Share Access ကို ခွင့်ပြုပေးပါတယ်။ တစ်ခြားသူများအနေဖြင့် File များကို ဖတ်နိုင်ရုံ (သို့မဟုတ်) Change နိုင်သလား? File ကို နောက်ဆုံးဘယ်သူ Change သွားသလဲဆိုတာကို သင့်အနေဖြင့် သိနိုင်သလား? အကယ်၍ သင်၏File များကိုGroupတွင် Shareထားပါက ၄င်း Group တွင် ပါဝင်သော သူအားလုံးကို သင့်အနေဖြင့် သိနိုင်ပါသလား? ၄င်း Service က သင့်Fileများကို Public ပြုလုပ်ရန် ခွင့်ပြုပါသလား? စသည့် ၄င်း Feature ၏ အလုပ်လုပ်ပုံကို သင့်အနေဖြင့် အသေးစိတ် သိရန်လိုအပ်မှာဖြစ်ပါတယ်။


တကယ်လို့ မိမိတို့ရဲ့ လိုအပ်ချက်နှင့် ကိုက်ညီသော Service Provider ကို တွေ့ရှိခဲ့မယ်ဆိုရင် မိမိတို့ရဲ့  Data ကို ဖြစ်နိုင်သမျှ လုံခြုံအောင် ပြုလုပ်ရန် အရေးကြီးပါတယ်။ အဲသည်အတွက် အောက်ဖော်ပြပါ General Rule များကို Follow လုပ်သင့်ပါသည်။

Pick a good password

Cloud Service အားလုံးတို့ကို အသုံးပြုရန် Master Password ထားရှိရန် လိုအပ်ပါတယ်။ ထို့အတွက် Secure Password ကို ထားရှိရန် လိုအပ်ပါလိမ့်မယ်။

Don’t reuse your passwords

Cloud Service အတွက် အသုံးပြုသော Password ကို သင်အသုံးပြုနေသော တစ်ခြား Service များ၏ Password များနှင့် မတူအောင် ထားသင့်ပါသည်။

Don’t share your passwords

Password Sharing ပြုလုပ်ခြင်းသည် ယုံကြည်ရသော သူငယ်ချင်း ဖြစ်ခဲ့ရင်တောင်မှ ကောင်းမွန်သော Idea မဟုတ်ပေ။ သင်၏ Password သည် သင်၏ Information များအတွက် Lock ဖြစ်သင့်အတွက် မလိုအပ်သော သူများကို ပေးမသိသင့်ပေ။

Back up your data

မိမိတို့ရဲ့ Computer တွင် Data Backup ပြုလုပ်သကဲ့သိုပင် Cloud တွင်လည်း Data များကို Backup ပြုလုပ်သင့်ပါသည်။ Data ပမာဏ အနည်းငယ်အတွက် Free of Cost အနေနဲ့ တစ်ချို့သော Company များမှ Offer ပေးထားပါသည်။ ၄င်းအားသာချက်ကို ရယူပြီး သင်၏ အရေးကြီးသော Data များကို Backup ပြုလုပ်သင့်ပါတယ်ဗျာ။

Reference:
http://en.wikipedia.org/wiki/Cloud_computing
ပြန်လည် မျှဝေတင်ပြလိုက်ခြင်းသာဖြစ်ပါတယ်..