2/02/2016

♪ Lenovo ရဲ့အရည်သွေးမြင့်မာသော စမက်ဖုန်းတစ်မျိုး - “Lenovo Vibe X2” ♫


လူအများကြားတွင် တစ်မူထူးခြားဆွဲဆောင်မှုရှိစေမယ့် Vibe ရဲ့ Multi-Layer ဒီဇိုင်းဟာသုံးစွဲသူရဲ့ Multi-Layered Lifestyle နှင့် အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးထားခြင်းဖြစ်ပါတယ်။ Media Tekရဲ့အဆင့်မြင့် 4G LTE True 8 Core processor ၈လုံးနှင့်ပြည့်စုံကောင်းမွန်တဲ့ MultiMediaအတွေ့အကြုံကို ပေးစွမ်းနိုင်မည့် အပြင် ဘက်ထရီသက်တမ်းကိုပိုမိုမြှင့်ပေးမယ့် Power-Saving နည်းပညာပါ ပါဝင်ပေါင်းစပ်ထားပါတယ်။ ဒါ့အပြင် CPU ရဲ့ စွမ်းဆောင်ရည်ကိုအပြည့်အ၀ အထောက်အပံ့ပေးနိုင်တဲ့ 2G RAM Memory ကြောင့် ဘယ်လိုလုပ်ငန်းမျိုးကိုမဆိုအလျင်မြန်ဆုံးနဲ့ အပေါ့ပါးဆုံးစွမ်းဆောင် ပေးနိုင်မယ့် အတွေ့အကြုံကို ခံစားနိုင်မှာပါ။

Primary Camera ဖြင့် 13MP ရှိတဲ့ ဓာတ်ပုံတွေနှင့် ရိုးရှင်းသစ်လွင်တဲ့ UI အရှေ့ Camera ဖြင့် 5MP ရှိတဲ့ Selfieဓာတ်ပုံတွေကိုရယူနိုင်မှာပါ။ ဓာတ်ပုံရိုက်ယူခြင်းနည်းလမ်းမျိုးစုံ ပါဝင် ခြင်းကြောင့် ဆန်းသစ်တီထွင်မှုကိုအလွယ်တကူပုံဖော်နိုင်ခြင်း၊ Beautification နည်းပညာဖြင့် ဘယ်အချိန်မှာပဲရိုက်ရိုက် နုပျိုလန်းဆန်း လှပစေခြင်း၊ ကိုယ်ပိုင်လက်ဟန်အမူအရာသို့မဟုတ် အသံဖြင့်ထိန်းချုပ်ပြီး ရိုက်ကူးနိုင်ခြင်းနှင့် Anti-Distortion နည်းပညာဖြင့် ဓာတ်ပုံတွင် အမှုန်အ၀ါး ပါဝင်မှုကင်းရှင်းတဲ့ ဓာတ်ပုံများကိုရယူနိုင်ပါတယ်။ အလွယ်တကူ အသုံးပြု နိုင်ပြီးအသုံးပြုသူတွေနှစ်သက်မှုရှိစေမယ့် VIBE Xtension Layer အသစ် ကိုVIBE X2 Smartphone တွင် ထည့်သွင်းပေးထားပါတယ်။

VIBE X2 တွင်၇၅% ပိုမိုကြာရှည်တဲ့ ဘက်ထရီသက်တမ်းကိုရရှိစေမှာဖြစ်ပါ တယ်။ VIBE X2 ရဲ့ Speaker နှင့် အသံပိုင်းနဲ့ ပတ်သက်ပြီး နာမည် ကျော်ကြားတဲ့ JBL ရဲ့ hi-fi audio ကြောင့် VIBE X2 Smartphone ကို အဆင့်မြင့်တဲ့ စပီကာနှင့် Audio Device သို့ ပြောင်းလဲပေးနိုင်မှာဖြစ်ပါ တယ်။ VIBE X2 ရဲ့ ပြောင်းလဲဆန်းသစ်ထားတဲ့ ဒီဇိုင်းကတော့ ဖုန်းကို အိတ်ကပ်ထဲကဖြစ်ဖြစ်၊ ထုတ်ယူလိုက်ရုံဖြင့် Black Screen ဒါမှမဟုတ် Lock Screen မှ Camera, Contacts သို့မဟုတ် ကြိုက်နှစ်သက်ရာappသို့ တိုက်ရိုက်ပို့ဆောင်ပေးနိုင်တဲ့ Out of Pocket နည်းပညာပါရှိပါတယ်။ GSM/WCDMA SIM Card ၂ခုထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီ3းG Network ရဲ့မြန်နှုန်းမြင့် HSPA + အထိရရှိနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် အင်တာနက် နှင့် Social App အသုံးပြုတာ၊ စာဖတ်တာ၊ သီချင်းနားထောင်တာ၊ Video ကြည့်တာ၊ ဂိမ်းကစားတာတွေကိုကောင်းကောင်းလုပ်ဆောင်နိုင်မှာပဲဖြစ်ပါ တယ်။

ထည့်သွင်းပေးထားသောမှတ်ဥာဏ်ပမာဏသည်လည်း များပြားခြင်း ကြောင့် အချက်အလက်များစွာ သိမ်းဆည်းနိုင်ပါလိမ့်မယ်။ ဖုန်းတစ်ခုရဲ့ စွမ်းဆောင်ရည်အမြဲတမ်းမြင့်မားနေဖို့နှင့် တိကျမြန်ဆန်မှုရှိတဲ့ Touch မျက်နှာပြင်ရဲ့ တုံ့ပြန်မှုတွေအတွက် CPU နှင့် Memory ကိုအကောင်းဆုံး ထိန်းညှိပေးမယ့် Android v4.4.2(KitKat) နဲ့မောင်းနှင်နေတဲ့ဖုန်းဖြစ်ပါ တယ်။

<Specification>
Network - GSM/HSPA/LTE
Processor - QC 2 GHz&QC 1.7GHz
Screen - 5 inches
Camera - 13 MP
Bluetooth - v4.1
Storage - 32 GB
OS - Android OS,v4.4
Contact - 01-381035
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com