2/02/2016

♪ “100% အထိပေးထားပြီး ရက်တိုးချဲ့သွားနိုင်သော ငွေဖြည့် အပိုလက်ဆောင်ကို ပရိုမိုးရှင်း MPT မှပြုလုပ်” ♫


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ကွန်ရက်အသစ်ဖြန့်ကြက်ခြင်း အထိမ်းအမှတ်ဖြင့် ၁၀၀%အထိ ပေးထားသော ငွေဖြည့်အပိုလက်ဆောင်ကို ကြေညာခဲ့ပြီးအဆိုပါငွေဖြည့်အပိုလက်ဆောင်အား ရက်တိုးချဲ့သွားနိုင် ကြောင်း သိရသည်။အဆိုပါ အပိုငွေကိုစတင်ဖြည့်သွင်းသည့်ရက်မှ ၁၅ ရက် တွင် အသုံးပြုရမည်ဖြစ်သည်။ အကယ်၍ အဆိုပါအပိုငွေအား ကုန်အောင် အသုံးမပြုနိုင်ပါက ၁၅ ရက်မပြည့်သေးခင် ပရိုမိုးရှင်းရက်ကျန်ရှိချိန်အတွင်း ငွေဖြည့်ကတ် အသစ် ထပ်မံဖြည့်သွင်းပါက ယခင်လက်ကျန်အပိုငွေအား နောက်ထပ်ရရှိမည့် အပိုရက် ၁၅ရက်အတွင်း ပူးပေါင်းပေးရန်စီစဉ်ထားခြင်း ဖြစ်သည်။

ဥပမာ - ကျပ် ၁၀၀၀၀ ငွေဖြည့်ပါ က အပိုငွေ ၁၀၀၀၀ ကျပ် ရရှိမည် ဖြစ်ပြီး၊ အပိုငွေ ကျပ် ၅၀၀၀ ကျန်ရှိနေချိန်တွင် ကျပ် ၁၀၀၀ တန် ထပ်မံဖြည့်မည်ဆိုပါက အဆိုပါ ၁၀၀၀ ကျပ် အတွက် အပိုငွေ ၂၀၀ ကျပ်နှင့် ယခင်အပို ငွေ ၅၀၀၀ ကျပ်ပေါင်းပြီး ၅၂၀၀ ကျပ်အား နောက်ထပ် ၁၅ ရက် အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ကွန်ရက်အသစ်ဖြန့်ကြက်ခြင်း အထိမ်း အမှတ်ဖြင့် MPT မှ pre-paid နှင့် postpaid သုံးစွဲသူအားလုံးအတွက် 3G9+ အထူးအစီအစဉ်ကိုပြုလုပ်ခြင်းဖြစ်ပြီး ဇန်န၀ါရီလ ၂၉ရက်နေ့မှ ဖေဖော်ဝါရီ လ ၉ရက်အတွင်း ပြုလုပ်မည် ဖြစ်ပြီး ကြိုတင်ငွေဖြည့်စနစ် (pre-paid) သုံးစွဲသူများက ကျပ် ၁၀၀၀၊ ၃၀၀၀၊ ၅၀၀၀ နှင့် ၁၀၀၀၀ ကျပ်ဖိုးနှင့် အထက် ငွေဖြည့်တိုင်း အပိုထပ်ဆောင်းငွေများရရှိမည်ဖြစ်သည်။

ထိုအပိုထပ်ဆောင်းငွေအတွက် သက်တမ်း ကုန်ဆုံးရက်မှာ အထူးအစီအစဉ် အတွင်း ငွေဖြည့်ခဲ့သည့်ရက်မှ ၁၅ ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။

၁၀၀၀ ကျပ် ငွေဖြည့်သွင်းပါက အပိုဆောင်းငွေ ၂၀၀ ကျပ်၊ ငွေကျပ် ၃၀၀၀ ဖြည့်သွင်းပါက အပိုဆောင်းငွေ ၉၀၀ ကျပ်၊ ၅၀၀၀ ကျပ်ဖြည့်သွင်းပါက အပို ဆောင်းငွေ ၂၀၀၀ ကျပ်၊ ငွေကျပ် ၁၀၀၀၀ ဖြည့်သွင်းမည်ဆိုပါက အပို ဆောင်းငွေ ကျပ် ၁၀၀၀၀၊ ၂၀၀၀၀ ကျပ်ငွေဖြည့်ပါက အပိုဆောင်းငွေ ကျပ် ၂၀၀၀၀၊ ငွေ ကျပ် ၃၀၀၀၀ ဖြည့်သွင်းပါက အပိုဆောင်းငွေ ကျပ် ၃၀၀၀၀ ရရှိမည်ဖြစ်သည်။ကြိုတင်ငွေဖြည့်ကတ်သုံးစွဲသူများမဟုတ်သည့် postpaid စနစ်သုံးစွဲသူများသည်လည်း ထိုအထူးအစီအစဉ် ကာလဖြစ်သည့် (ဇန်န၀ါရီ လ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၉ ရက်အတွင်း) ကျပ် ၁၀၀၀ ဖိုးအထက် သုံးစွဲပါက အပိုထပ်ဆောင်းငွေကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ရရှိမည့် အပို ဆောင်းငွေ ပမာဏသည် အထူးအစီအစဉ်ကာ လအတွင်းသုံးစွဲသည့် ငွေပမာဏ ပေါ်မူတည်၍ တွက်ချက်ပေးသွားမည်ဖြစ်သည်။

အပိုဆောင်းငွေ များကို ဖေ ဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဖြည့်သွင်းပေးမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ သုံးစွဲနိုင်မည်။ ရရှိမည့် အပိုဆောင်း ပမာဏကို ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် SMSပေးပို့ကာအကြောင်းကြား ပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီ လအတွက်ဖုန်းဘေပေးဆောင်ရာတွင် ကျသင့် သည့်ဘေထဲမှထိုပမာဏအားနုတ်ယူမည်ဖြစ်ကြောင်းသိရသည်။Postpaid အသုံးပြုသူများ အနေဖြင့် ဇန်န၀ါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၉ ရက် အတွင်း ဖုန်းဘေပမာဏ ၁၀၀၀ ကျပ်မှ ၂၉၉၉ ကျပ်အတွင်းသုံးစွဲပါက အပိုဆောင်း ငွေ ၅၀၀ ကျပ်၊ ၃၀၀၀ ကျပ်မှ ၄၉၉၉ ကျပ်အတွင်း သုံးစွဲပါက အပိုဆောင်းငွေ ၁၅၀၀ ကျပ်၊ ၅၀၀၀ ကျပ်မှ ၉၉၉၉ ကျပ်အတွင်းသုံးစွဲပါက အပိုဆောင်းငွေ ၅၀၀၀ ကျပ်၊ ကျပ် ၁၀၀၀၀ နှင့် အထက် အသုံးပြုပါက အပိုထပ် ဆောင်းငွေ ၁၀၀၀၀ ကျပ် ရရှိမည်ဖြစ်သည်။

MPT GSM/WCDMA သုံးစွဲသူများသည် ၎င်းတို့၏ လက်ကျန်ငွေပမာဏကို 1331 သို့ BAL သို့ စာတိုပေးပို့ကာ စစ်ဆေးနိုင်သည်။ MPT CDMA အသုံးပြု သူများအနေဖြင့် လက်ကျန်ငွေပမာဏကို *162 သို့ ခေါ်ဆိုပြီး စစ်ဆေးနိုင် ကြောင်း သိရသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com