2/07/2016

♪ iPhone 7 တွင် ကင်မရာ ပါး၍ အင်တာနက်လိုင်း (အစင်းကြောင်း) မပါတော့ ♫

iphone7camera

အသစ်ထွက်ရှိမယ့်အိုင်ဖုန်းအသစ်မှာနောက်ထပ်ထူးခြားပြောင်းလဲတဲ့အရာများရှိပါတယ်။ပထမတစ်ခုကတော့ ကင်မရာဖြစ်ပြီးဒုတိယတစ်ခုကတော့ဖုန်းရဲ့နောက်ကျောဒီဇိုင်းဖြစ်ပါတယ်။

ဖုန်းရဲ့ ကင်မရာဟာ iPhone 6 နဲ့ iPhone 6S ကလိုမျိုး ခုံးပြီး ထွက်နေတော့မှာ မဟုတ်ပါဘူး။ ပါးသွားမှာ ဖြစ်ပါတယ်။ ယင်းသို့ ပါးသွားအောင် အဓိက ထောက်ပံ့ပေးစေတာတော့ Lens Tecnology အသစ်တစ်မျိုးကြောင့်မို့ ဖြစ်ပါတယ်။ မှန်ဘီလူး နည်းပညာ အသစ်ကြောင့်မို့ ပါးလွှာသော်လည်း စွမ်းဆောင်ရည်ဟာ ယခင်က ဖုန်းများထက် ပိုမြင့်မှာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားပြောင်းလဲမှုကတော့ အစင်းကြောင်း ဖြစ်ပါတယ်။
အိုင်ဖုန်းရဲ့ အပေါ်နဲ့ အောက်မှာ အစင်းကြောင်းလေး ပါတာကို မြင်တွေ့ရမှာပါ။ သူ့ကို အင်တာနာလိုင်းလို့လည်း ခေါ်ပါတယ်။ စတိုင်ကျရန်အတွက် မဟုတ်ပဲ လိုင်းစွဲအားကောင်းရန် ဆွဲယူဖန်တီးထားတဲ့ အကြောင်း ဖြစ်ပြီး ယခုတော့ ယင်း အကြောင်းကို ပယ်ဖျက်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖုန်းရဲ့  နောက်ကျောဟာဗြောင်ချောဖြစ်နေပါမယ်။

ဒါပေမယ့် ဘေးအနားမှာတော့ အစင်းကြောင်းတွေ ပါပါအုံးမယ်။ ကင်မရာပါးမယ် အနောက်က ခပ်ရှင်းရှင်းဖြစ်နေမှာ ဖြစ်တာကြောင့် ဒီဇိုင်းမှာ အဓိက ပြောင်းလဲတဲ့ ပြောင်းလဲမှုများထဲက အချို့ ဖြစ်ပါ တယ်။
.
Ref: poketlint
အောင်ခမ်း (MMAS)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com