2/07/2016

♪ Facebook မှ တိုက်ရိုက် ဗီဒီယို လွင့်တင်နိုင်ပြီ ♫

facebook live

Facebook ပေါ်မှာ တိုက်ရိုက်ဗီဒီယို လွင့်ခြင်းကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ပြုလုပ်ရန် အခြား ဘာ App မှ မလိုပါဘူ။ မိမိတို့ အသုံးပြုနေတဲ့ Facebook မှာတင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ iOS ပေါ်က Facebook ပေါ်တိုင်းမှာ ရရှိနေပြီ ဖြစ်ပြီး နောက်ဆိုရင် Android တွေပေါ်မှာပါ ရရှိတော့မှာ ဖြစ်ပါတယ်။
 
သူ့ကို အသုံးပြုမယ်ဆိုရင် Status ကိုနှိပ်၊ ဗီဒီယို icon ကိုနှိပ်ပြီးတော့ Live Broadcast ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် မိမိက ကြည့်စေချင်တဲ့ audience ကို ရွေးချယ်နိုင်ပါသေးတယ်။ တိုက်ရိုက်လွင့်တင်ဖို့ အင်တာနက်တော့ လိုအပ်ပါလိမ့်မယ်။ တင်ပြီးတာနဲ့ Facebook ပေါ်မှာလည်း တင်နိုင်ပါသေးတယ်။ ဒါ့အပြင် မိမိရဲ့ ဖုန်းထဲမှာလည်း တစ်ခါတည်း Save ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခြားသော ဗီဒီယို တိုက်ရိုက်လွင့်တင် App များထက် သူဟာ ယခုကဲ့သို့ ထူးခြားတဲ့ Feature များ ပါဝင်ခြင်း ဖြစ်ပါတယ်။ ဗီဒီယို တိုက်ရိုက်အတွက် အခြားသော App များကို အသုံးပြုသူ ကျသွားနိုင်စေမယ့် Facebook ရဲ့ ခြေလှမ်းလည်း ဖြစ်ကြောင်း ဆိုကြ ပါတယ်။
ယင်း Feature ကို အစက Verified ဖြစ်တဲ့ Facebook Page များ, Profile များမှာသာ လုပ်ခွင့်ပေးရမှ ယခုတော့ လူတိုင်း၊ Page တိုင်း ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။
.
Ref: engadget
အောင်ခမ်း (MMAS)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com