2/20/2016

♪ Google Translate ၀န်ဆောင်မှုမှာ ဘာသာစကား အသစ် ၁၃ မျိုးကို ထပ်မံ ပေါင်းထည့် ♫


Google Translate ဟာ ဒီနေ့က စပြီး နောက်ထပ် ဘာသာစကား အသစ် ၁၃ မျိုးကို ထပ်မံ ပေါင်းထည့်လိုက်ပြီး အခုဆိုရင် Google Translate ၀န်ဆောင်မှု မှာ အသုံးပြုနိုင်တဲ့ ဘာသာစကား ၁၀၃ မျိုး ရှိလာပြီဖြစ်တယ် လို့ သိရပါတယ်။

ထို update ဟာ မိုဘိုင်းလ် အက်ပလီကေးရှင်းတွေမှာလည်း ရက်ပိုင်းအတွင်း စတင် အသုံးပြုနိုင် တော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ဟာ Google Translate ၀န်ဆောင်မှု စတင်ခဲ့တာ ၁၀ နှစ်ပြည့်တဲ့ နှစ်ပတ်လည် အထိမ်းအမှတ် နှစ်လည်း ဖြစ်ပါတယ်။ လက်ရှိ ရနိုင်တဲ့ ဘာသာစကား ၁၀၃ မျိုးဟာ အွန်လိုင်းသုံးစွဲသူတိုင်းရဲ့  ၉၉ ရာခိုင်နှုန်းကို ထိရောက်တဲ့ ၀န်ဆောင်မှု ပေးနိုင်မယ်လို့ သိရပါတယ်။
သာသာစကား အသစ်တွေကတော့ Amharic ၊ Corsican ၊ Frisian ၊ Kyrgyz ၊ Hawaiian ၊ Kurdish ၊ Luxembourgish ၊ Samoan ၊ Scots Gaelic ၊ Shona ၊ Sindhi ၊ Pashto နဲ့ Xhosa တို့ပဲ ဖြစ်ပါတယ်။

Google ဟာ လက်ရှိ အသုံးပြုနိုင်တဲ့ ဘာသာစကား တွေကို ပိုမိုကောင်းမွန် လာစေဖို့ အတွက်လည်း ဘာသာပြန် လူ့အဖွဲ့အစည်း ရဲ့  အကူအညီကို ရယူနေရပါတယ်။

လက်ရှိ မှတ်တမ်းတွေအရတော့ ကမ္ဘာတစ်ဝှမ်းက လူဦးရေ ၃ သန်းခန့်ဟာ စကားလုံးပေါင်း သန်း ၂၀၀ ခန့်ကို Google Translate ၀န်ဆောင်မှု အသုံးပြုပြီး ဘာသာပြန်ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အသစ်ဖြည့်ထားတဲ့ ဘာသာစကားတွေရဲ့  တည်နေရာတွေကိုလည်း Google က စာရင်း ပြုစုထားပါတယ်။

Ref: 9to5Google
Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com