2/01/2016

♪ ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်း - “Cherry Mobile Cosmos X2” ♫


ဖိလစ်ပိုင်အမှတ်တံဆိပ်ဖြစ်သည့် Cherry Mobile ဟန်းဆက်များသည်လည်း ပြည်တွင်းဈေးကွက်တွင် အများအပြားရှိပါတယ်။ ဈေးနှုန်းတန်ဖိုးအားဖြင့် သိပ်မမြင့်မားလွန်းတာကြောင့် လူတန်းစားမျိုးစုံသုံးစွဲဖို့ အဆင်ပြေစေပါ လိမ့်မယ်။ Google ကုမ္ပဏီနှင့် ပူးပေါင်းထားသည့် Android One ဖုန်းကို လည်းရောင်းချပေးထားပါသေးတယ်။

ထိုဖုန်းဟာ Google ရဲ့ အသိအမှတ် ပြုမှုကိုရရှိထားပါတယ်။ Cherry Mobile ရဲ့အခြားဟန်းဆက်များထဲတွင် အဓိကကင်မရာကောင်းမွန်သည့် ဖုန်းများလည်းရှိပါတယ်။ ထိုဖုန်းတွေ ကတော့ Cosmos X ဖုန်းများဖြစ်ပါတယ်။ Cosmos X က ROMပမာဏ4GB ပါရှိပြီး၊ မျက်နှာပြင် အကျယ်အ၀န်း 4.7 inches ရှိပါမယ်။ Cosmos X2 ဟာ 4.8 inches မျက်နှာပြင်အကျယ်အ၀န်းရှိပြီး၊ ဖုန်းတွင်းမှတ်ဥာဏ်ပမာဏ အနေဖြင့် 16GB ပါရှိပါတယ်။ ဒါကြောင့် အချက်အလက် အများအပြား သိမ်းဆည်းလိုသူများအတွက် အဆင်ပြေစေပါလိမ့်မယ်။ RAM ပမာဏ ကိုတော့ 1GB ထည့်သွင်းပေးထားပါတယ်။ ဖုန်းရဲ့အရွယ်အစား ပမာဏ ဟာ145 x 74 x 9.9mmရှိပြီး၊ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြု နိုင်သည့် ဟန်းဆက်အမျိုးအစားပါ။

Cosmos X နဲ့ X2ဟန်းဆက်နှစ်မျိုး စလုံးရဲ့ အဓိကကင်မရာသည် 18MP စွမ်းရည်ဖြစ်ပါတယ်။ X2 ရဲ့ ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ပါ။ Selfieပုံများရိုက်ကူးဖို့အတွက် အဆင်ပြေစေမယ့်ဖုန်းဖြစ်ပါတယ်။ ထည့်သွင်း ပေးထားသည့် CPU အမျိုးအစားကတော့ Quad Core 1.2 GHz ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါတွင်လျင်မြန်သည့်တုံ့ပြန်မှုကိုရရှိပါမယ်။ Android Version ကတော့ Jellybean ပါ။ Wifiစနစ်၊ MP3, FM Radio စနစ် များကိုလည်းအသုံးပြုနိုင်ပါမယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစား ကတော့ Li-Ion 2200mAh ဖြစ်ပါတယ်။ အာမခံသက်တမ်းများ လည်းရရှိမှာဖြစ်ပြီး၊ မြန်မာစာစနစ်ကိုလည်းအသုံးပြုနိုင်ပါမယ်။

<Specification>
Network - GSM/WCDMA
Screen - 4.8 inches
Memory - up to 32 GB
Bluetooth - Yes
CPU - Quad Core 1.2 GHz
OS - Android OS,v4.2
Contact - 01-381129
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com