2/01/2016

♪ ဂိမ်းဝါသနာရှင်များအတွက် သတင်းကောင်းတစ်ခု ♫


ယခုအပတ်အတွင်း၂၀၁၆ထွက်ဂိမ်းသစ်များ ၀င်ရောက်လာပြီး ဘောလုံးဂိမ်းပရိသတ်များစောင့်မျှော်နေ ကြသော Football Manager 2016 နှင့်အတူ ၂၀၁၅အတွင်းကထူးချွန်ဆုများစွာရရှိထားသော RPG ဂိမ်းသစ် Undertale ၏DRM-free Version လည်းဆက်လက်ထွက်ရှိလာပါတယ်။

Football Manager 2016 တွင်Gameplay Features သစ်များအဖြစ်Tracksuit Manager Matchday Experience နှင့်Scouting Centre တို့ပါဝင်ထားပြီး 3D Game Engine အသစ်ကိုအသုံးပြု ထားသောကြောင့် ဘောလုံးပွဲများကို ကြည့်ရှုရာတွင်လည်း ဘောလုံးသမားများ၏ လှုပ်ရှားမှုများ ပိုမိုကောင်းမွန်လာပါတယ်။Undertale ကတော့Turn-based RPG ဂိမ်းဖြစ်ပြီး စိတ်ဝင်စား ဖွယ်ဇာတ်လမ်းနှင့်ပုံစံဆန်းပြားသောBattle System တို့တွဲဖက်ပါဝင်ထား ပါတယ်။

PCနဲ့အတူPS4 နှင့်Xbox One ဂိမ်းစက်များအတွက်Resident Evil HD Remastered ဂိမ်းသစ်ထွက်ရှိ လာပြီးမူလResident Evil ဂိမ်းများမတိုင်ခင် Raccoon City မြို့ပြင်မှလူသတ်မှုများကိုစုံစမ်းရမည့်Rebecca Chambers နှင့်လူသတ်မှုဖြင့်ဖမ်းဆီးခံထားရသူBilly Coen နေရာမှဝင်ရောက်ကာ Zombie များနှင့်အခြားB.O.W အကောင်ဆန်းများနှင့်တိုက်ခိုက်ရမှာ ဖြစ်သလို Zombie Outbreak နောက်ကွယ်မှ စိတ်ဝင်စားဖွယ် နောက်ကြောင်းပြန် ဇာတ်လမ်းများပါဝင်သောဂိမ်းသစ်ဖြစ်ပါတယ်။

အဆိုပါ ဂိမ်းသစ်များကိုGAME HIVE ဖုန်းနံပါတ်၀၉၇၃၁၁၈၅၅၀နှင့် ၀၉၄၅၀၀၄၁၅၀၀ သို့ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com