1/13/2016

♪ ZTE က တန်ဖိုးနည်း Grand X 3 နှင့် Avid Plus စမတ်ဖုန်းများကို ပြသ ♫


ZTE က CES တွင် အမေရိကန်အတွက် တန်ဖိုးနည်း စမတ်ဖုန်းအသစ်နှစ်လုံးကို မိတ်ဆက်လိုက်ပါသည်။ ZTE Grand X 3 နှင့် ZTE Avid Plus ဟု အမည်ပေးထားပါသည်။ တန်ဖိုးနည်း ဆိုသော်လည်း Specifications များမှာ သင့်တင့်ကောင်းမွန်ပါသည်။

Grand X 3 တွင် ၅.၅ လက်မ 720p Display , 1.3GHz Quad-Core CPU ထည့်သွင်းထားသော Snapdragon 210 Processor , 2GB RAM တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 8MP နှင့် အရှေ့ဘက်တွင် 2MP Camera များပါရှိပါသည်။ 16GB Internal Storage အပြင် microSD Card Slot ပါရှိပါသည်။ Android 5.1 Lollipop မောင်းနှင်မည်ဖြစ်သည်။ 3080mAh Battery ပါရှိပြီး တန်ဖိုးကြီးဖုန်းများတွင်သာ ပါတတ်သော USB Type C Port ပါရှိပါသည်။ ဒေါ်လာ ၁၃၀ တန်ကြေးရှိပါသည်။

ZTE Avid Plus တွင် ငါးလက်မ FWVGA (854x480p) LCD Display , 1.1GHz Quad-Core Cortex-A7 CPU ပါသော Snapdragon 210 Chipset, 1GB RAM, 8GB Internal Storage ပါရှိပါသည်။ အနောက်ဘက်တွင် 5MP Camera နှင့် အရှေ့ဘက်တွင် 2MP Camera တပ်ဆင်ထားပါသည်။ Android 5.1 Lollipop , 2300mAh Battery ထည့်သွင်းပေးထားပါသည်။ ဒေါ်လာ ၁၁၅ သတ်မှတ်ထားပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com