1/13/2016

♪ “OPPO Mirror 5” ♫


Mirror 5ဟာ ၅.၀ လက်မရှိမှာဖြစ်ပါတယ်။ Display ဖော်ပြနိုင်စွမ်းကလည်း 540 x 960 pixels ဖြစ်ပါ တယ်။ PPI ပိုင်းကိုပြောရမယ်ဆိုရင် ၂၂၀ ကိုသာ သုံးထားပါတယ်။ အလေးချိန်ကတော့ 160g ရှိပြီး၊ အိတ်ကပ်ထဲမှာထည့်ထား နိုင်သလို၊ လက်ထဲမှာကိုင်တွယ်ထားရင် အလိုက်သင့်အနေအထားရှိ နေမှာ ပါ။ 7.7mm အထူရှိတာကြောင့် 7.1mmရှိတဲ့ R1 ထက်စာရင် အနည်းငယ် မဆိုသလောက်လေးထူတယ်လို့ ထင်ရနိုင်ပါတယ်။ ဘေးဘောင် လေးတွေ ဟာ0.30inch သာရှိတာကြောင့် မျက်နှာပြင်ကိုအပြည့်အ၀ အသုံးချနိုင်ပါ လိမ့်မယ်။ ကိုယ်ထည်ကိုတော့ ပလတ်စတစ်နဲ့ တည်ဆောက်ထားပါတယ်။ စပီကာကိုတော့ ဖုန်းရဲ့နောက်ကျောပိုင်းအောက်ဘက်မှာ တပ်ဆင်ပေး ထားပြီး၊ အောက်ဘက်မှာတော့USB အားသွင်း ကြိုးပေါက်ကိုတွေ့ရမှာပါ။

Power ခလုတ်ကိုတော့ ညာဘက်ဘေးမှာတပ်ဆင်ထားပြီး၊ အသံအတိုး အကျယ်ခလုတ်ကိုတော့ အခြားဘက်မှာတွေ့ရမှာပါ။ OS ပိုင်းအတွက် ကတော့ opensourceဖြစ်တဲ့ android ကို ပြန်လည်ပြင်ဆင်ရေးသားထားတဲ့ Color OS 2.1 ကိုသုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။ Quad-core 1.2 GHz Cortex-A53 ကိုAdreno 306 GPU နဲ့ ထောက်ပံ့ပေးထားတာကြောင့် HD ဂိမ်းတွေ ကို လျင်မြန်စွာဆော့ကစားနိုင်ပါလိမ့်မယ်။

တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် ဒါဟာ Qualcomm MSM8916 Snapdragon 410 ကိုသုံးထားတာပါ။ အချက်အလက်သိုလှောင် သိမ်းဆည်းနိုင်စွမ်းအတွက်ကတော့ 16GB ဖြစ်ပြီး၊ 2GB RAM ကိုတပ်ဆင် ပေးထားပါတယ်။SD card ထပ်မံထည့်သွင်းပြီးတော့ 128GBအထိတိုးမြှင့်နိုင် မှာဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာငယ်ကိုတော့ 5MPသာတပ်ဆင် ပေးထားပါတယ်။ Screen ပေါ်မှာလက်သုံးချောင်းကို ဆွဲစုလိုက်မယ်ဆိုရင် ကင်မရာလုပ်ဆောင်ချက်ဆီချက်ချင်း တန်းရောက်သွားမှာဖြစ်ပါတယ်။

အလင်းရောင်အားနည်းတဲ့နေရာတွေမှာ ရိုက်ကူးမယ်ဆိုရင်လည်း အလင်းအမှောင်ကိုရိုက်ကူးမယ့်နေရာနဲ့ ကိုက်ညီအောင် လိုသလိုချိန်ညှိ ပေးဦးမှာဖြစ်ပါတယ်။ Gesture စနစ်ကလည်း ပြည့်စုံပါတယ်ဆိုတာ ထက်တောင်ပိုပါသေးတယ်။ ColorOSပါရှိတာကြောင့် Security Mode, Gloves Mode, Screen Off Gesture ၁၃ မျိုးကိုသုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။

သူ့မှာနောက်ထပ်ပါဝင်တဲ့ လုပ်ဆောင်ချက်ကတော့ air gesture ဖြစ်ပြီး၊ ဖုန်းကိုလက်နဲ့ ထိတွေ့စရာမလိုဘဲဖုန်းပေါ်မှာ လက်ဝှေ့ယမ်းလိုက်ရုံနဲ့ Home screen ဖွင့်တာ၊ Photo, Mail ဖတ်ရှုတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ Gesture စနစ်တွေကြောင့် ဖုန်းရဲ့ မျက်နှာပြင်ပေါ်မှာ“V” သင်္ကေတ ပြုလုပ်လိုက်တာနဲ့ flash မီးကိုဖွင့်ပေးမှာဖြစ်ပြီး၊ မျက်နှာပြင် ပေါ်မှာ အ၀ိုင်းပုံစံလေး ပြုလုပ်လိုက်မယ်ဆိုရင်တော့ ကင်မရာလုပ်ဆောင် ချက်ကိုသုံးစွဲနိုင်စေဖို့အတွက် အသင့်ဖြစ်နေမှာပါ။

<Specification>
Network - GSM/ HSPA
Processor - Quad Core 1.2GHz
Screen - 5 inches
Camera - 8 MP
Bluetooth - v4.0
Storage - 16GB, up to 128GB
OS - Android OS,v 5.1
Contact - 01-371924
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com