1/28/2016

♪ “LeEco က အိန္ဒိယတွင် Le Max နဲ့ Le 1s ကို မိတ်ဆက်” ♫


ယခင် LeTV လို့ သိကြတဲ့ LeEco က Le Max နဲ့ Le 1s စမတ်ဖုန်းများကို အိန္ဒိယတွင် မိတ်ဆက်လိုက်ပါ တယ်။ Le Max ဟာ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်ပြီး အရွယ်ကြီး ၆.၃၃ လက်မ Quad HD Display တပ်ဆင်ထားပါတယ်။ Snapdragon 810 Processor မောင်းနှင် မှာဖြစ်ပြီး 4GB RAM ထည့်သွင်းထားပါတယ်။

64GB or 128GB Internal Storage နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်တွင် Sony IMX230 21 Megapixel Camera နဲ့ အရှေ့ဘက်တွင် 4 Megapixel Camera တပ်ဆင် ထားပါတယ်။ လက်ဗွေရာလုံခြုံရေး Sensor လည်းပါရှိပါတယ်။ USB Type-C Connector ပါရှိပြီး ဒေတာ ကူးပြောင်းမှုနဲ့ အားသွင်းရာမှာ အလွန် လျင်မြန်ပါတယ်။ 3400mAh Battery တပ်ဆင်ထားပါတယ်။ Android 5.1 Lollipop မောင်းနှင်မှာဖြစ်ပါတယ်။ Le Max 64GB Model ကို အိန္ဒိယ ရူပီး ၃၂ ၉၉၉ ( ဒေါ်လာ ၄၈၅) သတ်မှတ်ထားပြီး မကြာမီ ရောင်းချပေးမှာဖြစ်ပါ တယ်။

Le 1s ဟာ ကုမ္ပဏီရဲ့ တန်ဖိုးနည်း စမတ်ဖုန်းဖြစ်ပေမယ့် Specification များ သင့်တင့်ပါတယ်။ ၅.၅ လက်မ အရွယ် 1080p Display တပ်ဆင်ထားပါ တယ်။ MediaTek Helio X10 Processor မောင်းနှင်မှာဖြစ်ပါတယ်။ 3GB RAM, 32GB Internal Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်တွင် 13 Megapixel Camera နဲ့ အရှေ့ဘက်တွင် 5 Megapixel Camera တပ်ဆင် ထားပါတယ်။ သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ပေးထားပါတယ်။ လက်ဗွေရာလုံခြုံရေး Sensor ထည့်သွင်းထားပါတယ်။ 4G LTE ဆက်သွယ်မှု ကို ထောက်ပံ့ပေးပါတယ်။

Quick Charge စွမ်းရည်ပါတဲ့ USB Type-C Connector တပ်ဆင်ပေးထားပါတယ်။ 3000mAh Battery ပါရှိပါတယ်။ Le 1s ကို အိန္ဒိယ ရူပီး ၁၀ ၉၉၉ (ဒေါ်လာ ၁၆၁) ဖြင့် Flipkart မှ ရောင်းချ ပေးမှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး နောက်လ ၂ ရက်နေ့တွင် ရောင်းချပေး မှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com