1/27/2016

♪ ၂၀၁၅ ခုနှစ်တွင် စမတ်ဖုန်း သန်း ၅၀ ရောင်းချခဲ့ရကြောင်း Oppo ကြေညာ ♫


တရုတ်စမတ်ဖုန်းကုမ္ပဏီ Oppo သည် ပြီးခဲ့သည့်နှစ်က စမတ်ဖုန်းအလုံးရေ သန်း ၅၀ ရောင်းချခဲ့ ရကြောင်း ကြေညာခဲ့သည်။

အဆိုပါ စမတ်ဖုန်းအရေအတွက်အနက် ၁၅ သန်းခန့်မှာ R7, R7s နှင့် R7 Plus တို့ဖြစ်ကြောင်း ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့သည်။ ယွမ် ၂,၀၀၀ မှ ယွမ် ၃,၀၀၀ အကြား တန်ဖိုးရှိ ထုတ်ကုန်များမှာ ကုမ္ပဏီ၏ အရောင်းရဆုံး ထုတ်ကုန်များဖြစ်သည်။

အခြားသော တရုတ်စမတ်ဖုန်းကုမ္ပဏီဖြစ်သည့် Xiaomi သည် ပြီးခဲ့သည့်နှစ်တွင် စမတ်ဖုန်းအလုံးရေ သန်း ၇၀ ရောင်းချခဲ့ရပြီး Meizu နှင့် LeTV တို့က အလုံးရေ သန်း ၂၀ နှင့် ၄ သန်း အသီးသီးရောင်းချခဲ့ရသည်။ Huawei ကမူ ၂၀၁၅ ခုနှစ် စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ကျော် ရောင်းချခဲ့ရသည်။

Ref: GSMArena

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com