1/13/2016

♪ Huawei Mate 8 ကို တစ်ကမ္ဘာလုံးတွင် ရောင်းမည် ♫


Huawei က စွမ်းဆောင်ရည်မြင့် Mate 8 ကို တစ်ကမ္ဘာလုံးတွင် ရောင်းပေးမည်ဟု အမေရိကန်ပြည်ထောင်စု Las Vegas တွင် ကျင်းပပြုလုပ်နေသော Consumer Electronics Show တွင် ကြေညာလိုက်ပါသည်။ Huawei Mate 8 မှာ Kirin 950 Processor မောင်းနှင်မှာဖြစ်ပြီး ယခင်မျိုးဆက် Mate 7 ထက် စွမ်းဆောင်ရည်အပိုင်းတွင် များစွာ တိုးတက်လာသည်ဟု ကုမ္ပဏီက ပြောပါသည်။

Huawei Mate 8 တွင် ခြောက်လက်မ Full HD 1080p Display တပ်ဆင်ထားပါသည်။ 3GB RAM/32GB Storage Model နှင့် 4GB RAM/64GB Storage Model နှစ်မျိုးထုတ်လုပ်ပေးထားပါသည်။ 3GB RAM Model သည် Single SIM Phone ဖြစ်ပြီး 4GB RAM Model သည် Dual SIM Phone ဖြစ်ပါသည်။ Android Marshmallow မောင်းနှင်မည်ဖြစ်သည်။

အနောက်ဘက်တွင် Optical Image Stabilization , Phase Detection / Continuous Autofocus တို့ပါသော 16MP Camera တပ်ဆင်ထားပြီး Slo Motion Video များကို ရိုက်ကူးနိုင်ပါသည်။ 4000mAh Battery ပါရှိပါသည်။ အမေရိကန်မှ လွဲ၍ အခြားနိုင်ငံများတွင် လာမည့် ရက်သတ္တပတ် အတွင်းတွင် ရောင်းချပေးမည်ဖြစ်သည်။ 3GB RAM Model ကို ယူရို ၅၉၉ နှင့် 4GB RAM Model ကို ယူရို ၆၉၉ ဖြင့် ရောင်းချမည်ဖြစ်သည်။


Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com