1/27/2016

♪ KENBO Fly O31 Plus ရဲ့အားသာချက် ၊ အားနည်းချက် ၊ နည်းပညာနှင့်သုံးသပ်ချက်များ ♫


Device Support : Kenbo Smart Phone
Price : 199,800
အားသာချက်
ဈေးနှုန်းသင့် အလယ်အလတ်တန်းစား စမတ်ဖုန်း အမျိုးအစား ဖြစ်သော်လည်း ကောင်းမွန်သော နည်းပညာများကို ထိတွေ့အသုံးပြု နိုင်မည်ဖြစ်သည်။ ကောင်းမွန်သော ကင်မရာ နည်းပညာများ၊ Screen Gesture နည်းပညာများကို  ထိတွေ့နိုင်မည် ဖြစ်သည့်အပြင် မှတ်ဉာဏ်ပိုင်းတွင်လည်း မြင့်မားသောဖုန်း ဖြစ်သည်။ လှပသေသပ်ပြီး ပေါ့ပါးသော ထိတွေ့မှုကို ခံစားနိုင်သည်။
အားနည်းချက်
Setting ၏ မြင်ကွင်းပုံစံမှာ ရိုးရှင်းနေမည်ဖြစ်ပြီး ဖုန်းတွင်ပါဝင်သော Gesture စနစ်များအား အသုံးပြုရာတွင် တစ်ခါတစ်ရံ၌ ဖုန်း၏ လုပ်ဆောင်ချက်များမှာ အနည်းငယ် လေးလံပြီး နှေးနေတတ်သည်။
ဒီဇီုင်း
ပုံစံဒီဇိုင်းမှာ ထောင့်ကျသော ပုံစံမျိုးဖြစ်ပြီး ပါးလွှာပေါ့ပါးသော ပုံစံမျိုး တည်ဆောက်ထားသည်။ ဖုန်းကိုယ်ထည်၏ ဘေးဘောင်အား သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး နောက်ဘက်ကာဗာမှာ ဖြုတ်နိုင်တပ်နိုင်သော ပလတ်စတစ်ကာဗာ အမျိုးအစား ဖြစ်သည်။  ရှေ့မျက် နှာပြင်မှာ ထူထဲသော အနားလုံးမှန် ပုံစံမျိုးဖြစ်ပြီး ဖုန်းတစ်ခုလုံး ၏ အရွယ်အစားမှာ အထက်အောက် အမြင့် ၁၄.၉၅ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၃၆ စင်တီမီတာ ရှိမည်ဖြစ်သည်။ ထုထည် မှာ ၀.၈၆ စင်တီမီတာ ဖြစ်သောကြောင့် အရမ်းပါးသော ဖုန်းအမျိုးအစား မဟုတ်သော်လည်း အလေးချိန်မှာ ၁၄၀ ဂရမ်ဖြစ်သောကြောင့် ပေါ့ပါးသော ဖုန်းအမျိုးအစားတစ်ခု ဖြစ်သည်။

မြင်ကွင်း
ရှေ့ Screen မျက်နှာပြင်မှာ ၅.၂ လက်မရှိသော IPS LCD Screen အမျိုးအစားဖြစ်ပြီး 1920 x 1080 pixels (~441 ppi pixel density) ထိ ရရှိနိုင်မည် ဖြစ်သည်။

နည်းပညာ
ဖုန်း Screen ဖွင့်ပိတ်ပြုလုပ်ခြင်းအား DoubleTap စနစ်ဖြင့် အသုံးပြုနိုင်သည့်အပြင် Screen ပိတ်ထားချိန်တွင်  Screen ပေါ်၌ သတ်မှတ်ထားသော သင်္ကေတများအား ရေးဆွဲကာ စနစ်များ အတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်သော Smart Awake အစရှိသော စနစ်များ ပါဝင်လာမည်ဖြစ်သည်။ Home, Back, Menu Key များကိုလည်း ဘယ်ညာ လိုအပ်သလို ပြောင်းလဲ ရွှေ့ပြောင်း အသုံးပြုနိုင်မည် ဖြစ်သည်။ ကင်မရာပိုင်းတွင် ပုံမှန်ကင်မရာ စနစ်အပြင် Effect များထည့်သွင်း ရိုက်ကူးနိုင်သော စနစ်များ ပါဝင်လာပြီး ရှေ့ကင်မရာတွင် Flash မီးပါဝင်လာခြင်းကြောင့် Selfie သမားများအတွက် အလင်းအား နည်းသော နေရာများတွင်လည်း ကောင်းမွန်စွာ ဓာတ်ပုံရိုက်နိုင်သည်။ ပြည်တွင်းအသုံးပြု မြန်မာစာ စနစ်များ အတွက်လည်း အဆင်ပြေပြေ အသုံးပြုနိုင်သော ဖုန်းဖြစ်သည်။

အသေးစိတ်ဖော်ပြချက်
MTK6753V Octa-core 1.3 GHz  CPU ကို အသုံးပြုထားပြီး  ဂရပ်ဖစ်အတွက် Mali-T720 GPU နှင့် MT6753 Chipset တို့ကို အသုံးပြုထားသည်။ Internal Memory 16GB နှင့် RAM 2GB ပါဝင်မည်ဖြစ်ပြီး Micro SD Card 128GB ထိထပ်တိုး အသုံးပြုနိုင်မည် ဖြစ်သည်။ 13Mega Pixel နောက်ဘက် ကင်မရာနှင့် 5 Mega Pixel ရှေ့ကင်မရာတို့ ပါဝင်မည်ဖြစ်ပြီး ရှေ့ကင်မရာတွင် Flash မီးပါဝင်မည် ဖြစ်သည်။ Android OS Version 5.1 ဖြစ်ပြီး ဘက်ထရီမှာ Li-Po 2900 mAh ဘက်ထရီ ဖြစ်သည်။ GSM 2G/ 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Micro Sim နှစ်ကတ် အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစား ဖြစ်သည်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက Fly O31 Plus သည် အလယ်အလတ်တန်းစား စမတ်ဖုန်း အမျိုးအစား တစ်ခုဖြစ်သော်လည်း ဖုန်းတွင် အသုံးပြုထားသော မှတ်ဉာဏ်ပိုင်းနှင့် ကင်မရာပိုင်းတို့တွင် ကောင်းမွန်သည့်အပြင် Gesture စနစ်များတွင်လည်း ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်မည် ဖြစ်သောကြောင့် ဈေးနှုန်းနှင့် အသုံးပြုနိုင်မှုမှာ တန်သည်ဟု ဆိုနိုင်သော ဖုန်းဖြစ်သည်။ ဖုန်း၏ရှေ့ဘက် မျက်နှာပြင်နှင့် ဖွဲ့စည်းပုံမှာ လှပသော်လည်း နောက်ဘက်ကာဗာမှာ ပလတ်စတစ်ဆန်ဆန် ပုံစံမျိုးဖြစ်နေမည်ဖြစ်သည်။ ရှေ့နောက် ကင်မရာ နှစ်ခုစလုံးတွင် Flash မီးပါဝင်သည့်အတွက် ဓာတ်ပုံပိုင်းတွင် အလင်းအားနည်းသော နေရာများအတွက် အဆင်ပြေစေနိုင် မည်ဖြစ်ပြီး ကိုင်တွယ်အသုံးပြု ချိန်တွင်လည်း အလေးချိန်ပေါ့ပါးပြီး လက်နှင့် အံဝင်ခွင်ကျ ကိုင်တွယ်နိုင်မည် ဖြစ်သည်။


Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com