1/27/2016

♪ စမတ်ဖုန်း၏ proximity sensor နေရာ တွင် Ultrasound ဖြင့် အစားထိုးဖွယ်ရှိ ♫


Elliptic Labs သည် ultrasonic လှိုင်းနည်းပညာ အခြေခံ၍ 3D လက်အမူအရာ လှုပ်ရှားမှု ပါဝင်သော နည်းပညာကို လွန်ခဲ့သည့် နှစ်နှစ်က ပြုလုပ်ခဲ့သော CES ပွဲ၌ မိတ်ဆက်ခဲ့သည်။ ၎င်းနည်းပညာဖြင့် သုံးစွဲသူများသည် app များဖွင့်ခြင်း၊ သီချင်းဖွင့်ခြင်းကို ထိန်းချုပ်ခြင်းနှင့် လက်လှုပ်ရှားမှုဖြင့် ဖုန်းခေါ်ဆိုမှုများကို ဖြေကြားခြင်းတို့ ပြုလုပ်နိုင်သည်။

ကုမ္ပဏီအနေဖြင့် ၎င်းနည်းပညာကို ကျယ်ပြန့်စွာ ဖြန့်ချိခြင်း မပြုသေးသော်လည်း ပရိုဂရမ်သစ် ultrasound proximity sensor ကို အထက်ပါ သဘောတရားအတိုင်း အသုံးပြုနိုင်ရန်  ထုတ်လုပ်သွားမည် ဖြစ်သည်။ Elliptic Labs မှဆော့ဖ်ဝဲလ်သစ်သည် ဖုန်းများတွင် hardware အကူအညီဖြင့် ပါဝင်သော အနီအောက် ရောင်ခြည် အခြေခံ proximity sensor အစား ဝင်ရောက်နိုင်ရန် ကြိုးစားလျက်ရှိ သည်။

ဖုန်းနားကြပ်မှ အသံလှိုင်းမှ ပေးပို့၍ ဟန်းဆက်မိုက်ခရို ဖုန်းများသို့ အသံရောင်ပြန်ဟပ်မှုများ ရောက်ရှိ မည် ဖြစ်သည်။ Elliptic သည် သုံးစွဲသူက ဖုန်းခေါ်ဆိုမှု ပြုလုပ်ခြင်းကို ခြေရာခံပေးနိုင်ပြီး display ကိုမှိန်ပေးမည် ဖြစ်သည်။

Ref: TheVerge

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com