1/30/2016

♪ “ဖုန်းနှင့်ကွန်ပျူတာကြောင့်အနှောင့်အယှက်မဖြစ်ရလေအောင်” ♫


အိုင်တီခေတ်ကြီးထဲတွင်ဖုန်းတစ်လုံး၊ကွန်ပျူတာတစ်လုံးပိုင်ဆိုင်ထားခြင်း ကြောင့်အလုပ်တွင်သည်ဟုဆို ကြသည်။မှန်သလောက်မှန်ပါသည်။သို့သော် ဖုန်းနှင့်ကွန်ပျူတာပိုင်ဆိုင်ရခြင်းကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရသည့် အဖြစ်မျိုးလည်းရှိနိုင်သည်။စိတ်အနှောင့်အယှက်ဖြစ်ရမှုအများစုမှာ notification ခေါ်သတိပေးချက်များကြောင့်ဖြစ်သည်။notification ၏မူလ ရည်ရွယ်ချက်မှာဖုန်းသို့မဟုတ်ကွန်ပျူတာသုံးစွဲသူအားသိသင့်သိထိုက်သည်တို့ကိုအချိန်မီသတိပေးရန်ဖြစ် သည်။သို့ရာတွင်ထိုသတိပေးချက်ကိုမှီ၍OS ရေးဆွဲသူတို့က၀င်၍အမြတ်ထုတ်သည့်အခါစိတ်အနှောင့် အယှက်ဖြစ်စရာ များပေါ်လာရပါသည်။ယင်းတို့ကိုမည်သို့ရှောင်ရှားကြမည်နည်း။
<ဖုန်းနှင့်တက်ဘလက်>
သူငယ်ချင်းတစ်ယောက်ယောက်ထံမှtext message ရလျှင်သို့မဟုတ် Facebook ပေါ်မှfriend request တစ်ခုရလျှင်ကျွန်မတို့ပျော်ရွှင်တတ် ကြပါသည်။notification bar တွင်အလွယ်နှင့်သိနိုင်သောကြောင့် ဖြစ်သည်။ သို့သော်notification bar ကြောင့်စိတ်ကသိကအောက်ဖြစ်ရသည်လည်း ရှိနိုင်သည်။BBC သတင်းဌာနမှနောက်ဆုံးပေါ်အရေးကြီးသတင်း ထုတ်လွှင့်ချက်ကိုစောင့်ကြည့်ဖို့မကြာခဏသတိပေးသည်ကိုခံလိုပါသလား။ မကြာမီကျင်းပမည့်အခမ်းအနားတစ်ခုသို့တက်ရောက်ရန်မကြာခဏသတိ ပေးသည်ကိုခံလိုပါသလား။ မိုဘိုင်းဖုန်းအော်ပရေတာကသူ့အစီအစဉ်သစ် များသုံးစွဲရန်မကြာခဏတိုက်တွန်းသည်ကိုခံလိုပါသလား။လူအများစုက သည်းခံနိုင်မည်မဟုတ်ဟုကျွန်မထင်သည်။ထို့ပြင်ဖုန်းသို့မဟုတ် တက်ဘလက် ပေါ်တွင်မိမိတင်ထားသောapplication များလေယင်းတို့အား update လုပ်ခြင်းနှင့်ပတ်သက်သောသတိပေးချက်က များလေဆိုသည်မျိုး လည်း ဖြစ်နိုင်သည်။ကံကောင်းသည်မှာapplication တစ်ခုချင်းနှင့် သက်ဆိုင်သော သတိပေးချက်များကိုအလွန်လွယ်ကူစွာပိတ်ပစ်နိုင်ခြင်းဖြစ် သည်။application တစ်ခုကလိုသည်ထက်ပို၍သတိပေးချက်များထုတ်ပြီး မိမိအားလွှမ်းမိုးချုပ်ကိုင်လွန်းနေလျှင်ဤသို့ပင်လုပ်ရပါမည်။စာရှုသူသည် Android Lollipop ကိုသုံးနေပါသလား။setting > sound & notification သို့သွားပါ။app notification ထဲသို့ဝင်ပါ။မိမိအားဒုက္ခပေးနေသော appကို ရွေးပါ။ယင်းအောက်တွင်မြင်ရသောဆလိုက်တုံးကိုBlock နေရာသို့ရောက် သည် အထိဆွဲရွှေ့လိုက်ပါ။Never show notification from this app ကို ရွေးပြီးဖြစ်သည့်အတွက်ယင်းနှင့်သက်ဆိုင်ရာnotification များလုံးဝ တက်မလာတော့ပါ။
Android lollipop ကိုမသုံးဘဲversion အဟောင်းများဖြစ်သည့် kitkat သို့မဟုတ်Jelly Bean ကိုသုံးနေပါသလား။မိမိမတွေ့လိုသည့်notification များကိုပိတ်ရန်settings > apps သို့ဝင်ပါ။သက်ဆိုင်ရာappကိုရွေးပါ။Show notification နေရာမှအမှန်ခြစ်ကိုဖြုတ်ပါ။သို့တည်းမဟုတ်disable / force stop တစ်ခုခုကိုရွေးပါ။ iPhone သို့မဟုတ်iPadပေါ်မှnotification များကို မတွေ့လိုလျှင်settings app သို့ဝင်ပါ။Notification နေရာတွင်တစ်ချက် ခေါက်ပါ။ ပြီးလျှင်မိမိအားဒုက္ခပေးနေသောappအားအပေါ်တက် အောက်ဆင်း ရှာပါ။ယင်းapp ကိုတစ်ချက်ခေါက်၍ရွေးပါ။Allow Notification option ကိုoff လုပ်လိုက်ပါ။notification များပြခြင်းကိုမပိတ်သော်လည်း ပြပုံပြနည်းကိုပြောင်းလဲခြင်းဖြင့်လည်းစိတ်သက်သာရာရစေနိုင်သည်။ ပမာအားဖြင့်ဆိုသော်အသံပေးခြင်း၊badge icon ပြခြင်းLock screen တွင်ပေါ် စေခြင်းစသည့်နည်းလမ်းတစ်မျိုးမျိုးကိုရွေးခြင်းဖြစ်သည်။
<Windows 7>
Windows Vistaပေါ်လာပြီးသည့်နောက်ယင်းကိုလူကြိုက်မများရခြင်းမှာ အရေးမပါသောSecurity Alert များကိုထုတ်ပေးလွန်းခြင်းကြောင့်ဖြစ်သည်။ ယင်းတို့မပေါ်အောင်user account control ကိုပိတ်ပစ်သော်လည်း မရ။ ထိုသင်ခန်းစာရလိုက်သောMicrosoft သည်Windows 7တွင်user account control လုပ်ခြင်းကိုပိုမိုကောင်းမွန်အောင်စီစဉ်ပေးခဲ့သည်။သို့သော်back up လုပ်ရန်ကိစ္စ၊update လုပ်ရန်ကိစ္စ၊ကွန်ပျူတာပြဿနာတို့ကဲ့သို့သော အရေးကြီးသည့်notification အချို့ကို မြင်နေရပါဦးမည်။ကွန်ပျူတာအတွက် အရေးကြီးသောnotification များကိုပိတ်ပစ်ပြီးလျစ်လျူရှုနေခြင်းမှာမိုက်မဲရာ ကျသည်။သို့သော်ယင်းတို့ကအနှောင့်အယှက်ပေးလွန်းနေလျှင်မိမိ၏ System အားအန္တရာယ်မရှိစေဘဲပိတ်ပစ်နိုင်သည်။ယင်းသို့လုပ်ရန် အတွက် Control Panel ကိုဖွင့်ပါ။System and Security ကိုသွားပါ။Action center သို့ဝင်ပြီးChange Action Center settings ကိုရွေးပါ။ယင်းသည် ဘယ်ဘက်ခြမ်း menu ထဲတွင်ရှိသည်။notification နှင့်ပတ်သက်ပြီး မိမိ မမြင်လိုသောoptions များကိုပိတ်ပါ။ပြီးလျှင်OKတွင်ကလစ်နှိပ်ပါ။ထို့ပြင် Change user Account Control Settings ကိုရွေးခြင်းဖြင့်Security Alert အရေအတွက်ကိုလျှော့ချနိုင်သည်။ထိုသို့ဝင်ပြီးဆလိုက်တုံးကိုအောက်ဘက်သို့ရွှေ့ပေးရမည်။မိမိ၏System အားအခွင့်မရဘဲ ပြုပြင်မှုများလုပ်ခြင်းကို ကာကွယ်လိုလျှင်ဤသို့ရွှေ့ခြင်းအားMicrosoft ကမထောက်ခံပါ။
<Windows 8/8.1>
Windows 8 မှအထက်တွင်Application အသစ်များထပ်မံထည့်သွင်း လာသည့် အတွက်notification အသစ်များထပ်မံပေါ်ပေါက်လာရပြန်သည်။ နောက်ဆုံးရမိုးလေ၀သသတင်းအတွက်အီးမေးလ်ဝင်လာလျှင် လည်း notification ပေါ်သည်။Skype မှတစ်ဆင့်ဆက်သွယ်မှုရှိလျှင်လည်း notification ပေါ်မည်။ယင်းတို့သည်Desktop ၊Lock screen နှင့်Live tileများ တွင်လာပေါ်နိုင်သည်။သို့ဖြစ်၍လုံးလုံးလျားလျားလွတ်ပေါက်မရှိ။Alert လျော့ပါးအောင်သာလုပ်နိုင်သည်။App notification များကိုdisable လုပ်ရန် အတွက်Windows key နှင့်Cကိုတွဲနှိပ်ပြီးCharm bar ကိုဖွင့်ပါ။ယင်းနောက် settings ကိုရွေးပြီးPC settings ကိုဖွင့်ပါ။Notifications ကိုရွေးပါ။App အားလုံးမှ Notifications များကိုပိတ်ပစ်နိုင်သလိုမိမိလိုလားသောapp အချို့ မှalert များသာတက်လာစေရန်လည်းဆောင်ရွက်နိုင်သည်။အရေးကြီး လုပ်ငန်းများဆောင်ရွက်နေစဉ်တွင်notification များတက်လာသည်ကို ယာယီရှောင်ရှားလိုပါကယင်းတို့ပေါ်မလာအောင်ယာယီရွှေ့ဆိုင်းထားနိုင် သည်။Charm bar မှနေ၍setting ကိုဖွင့်ပါ။notification ကိုရွေးပြီးယင်းတို့ကို (၁-၈) နာရီကာလအထိမိမိနှစ်သက်သလိုhide လုပ်နိုင်သည်။Lock screen notification များကိုပိတ်လိုလျှင်settings > PC settings > Personalize > Lock screen သို့ဝင်ပြီးနောက်ကွယ်မှအလုပ်လုပ်ကာmessage များဖော်ပြ နေသောapp အားdisable လုပ်နိုင်သည်။start screen tile များမှနေ၍လည်း ညာကလစ်သုံးပြီးturn live tile off ကိုရွေးပြီuးpdate switch off လုပ်နိုင် ပါသည်။
<Windows 7 / 8 / 8.1>
အထက်ဖော်ပြပါWindows များကိုတရားဝင်ဝယ်ယူသုံးစွဲထားခဲ့လျှင် Windows 10 သို့အခမဲ့upgradeလုပ်ခွင့်ပေးထားရာထိုသို့လုပ်နိုင်ခွင့် အချိန် ငါးလရသေးသည်။upgrade မလုပ်လိုလျှင်နေ၍ရသော်လည်uးpgrade လုပ်ဖို့အရေးMicrosoft ကတကျီကျီလုပ်သည်။ယင်းအတွက်အခမဲ့ရသော GWX Control panel ကိုdownload ချကာကွန်ပျူတာတွင်ထည့်သွင်းပြီး ယင်းnotification ကိုအပြီးတိုင်ပိတ်ပစ်နိုင်သည်။GWX ကိုinstall တင်ပြီး နောက်ဖွင့်လိုက်ပါ။ပြီးလျှင်"Disable Get Windows 10 App (Permanently remove icon) တွင်ကလစ်နှိပ်ပါ။"Disable Operating System Upgrades in Windows Update" တွင်ကလစ်နှိပ်ပါ။ယင်းနောက်တွင်PCကိုrestart ပြန်ချပါ။ယင်းကnotification icon ကိုအပြီးတိုင်ဖျောက်ပေးပါမည်။ အကယ်၍ စိတ်ပြောင်းသွားခဲ့လျှင်ယင်းတို့ကိုပြန်၍re-enable လုပ်နိုင်သည်။ မိမိကိုယ်တိုင်ကWindows 10 Upgrade လုပ်လိုကြောင်းတောင်းခံထားခဲ့ လျှင်GWX Control Panel အလုပ်မလုပ်ပါ။ထိုအခါတွင်Your Upgrade is ready ဟူသောစာသားကို မြင်ရပါမည်။
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com