တရုတ် စမတ်ဖုန်း ကုမ္ပဏီ Coolpad က အိန္ဒိယတွင် Note 3 Lite
စမတ်ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပါသည်။ Note 3 Lite သည် Note 3 ၏ တန်ဖိုးနည်း
ဗားရှင်း ဖြစ်ပါသည်။
Note 3 Lite တွင် Fingerprint Scanner ပါရှိပါသည်။ Dual SIM Phone ဖြစ်ပြီး 1.3GHz 64-Bit Quad-Core MediaTek MT6735 Processor မောင်းနှင်မည်ဖြစ်သည်။ 3GB RAM ထည့်သွင်းထားပြီး Android 5.1 Lollipop ကို Coolpad Cool UI နှင့် ပေါင်းစပ်ထားပါသည်။ နောက်ပိုင်းတွင် Marshmallow ကို ထည့်သွင်းပေးမည်ဖြစ်သည်။
ငါးလက်မ 1280x720 Pixels Display တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 13 Megapixel Camera ပါရှိပြီး အရှေ့ဘက်တွင် 5 Megapixel Camera ပါရှိပါသည်။ 2500mAh Battery တပ်ဆင်ပေးထားပါသည်။
Coolpad Note 3 Lite ကို ရူပီး ၆၉၉၉ ( ဒေါ်လာ ၁၀၃) သတ်မှတ်ထားပြီး Amazon India မှ ရောင်းချမည်ဖြစ်သည်။
Credit to ==> Myanmar Digital Life Journal