1/27/2016

♪ Lenovo ရဲ့အရည်းသွေးမြင့်စမတ်ဖုန်း “ Lenovo Vibe S1 “ ♫


Lenovo ဟာ ၂၀၁၂ မှာ စမတ်ဖုန်းဈေးကွက်မ၀င်ရောက်လာခင်ကတည်းက ကွန်ပျူတာပစ္စည်းဈေးကွက်မှာ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အကောင်းဆုံးစမတ်ဖုန်းတီထွင်ထုတ်လုပ်တဲ့ကုမ္ပဏီ ၅ ခုမှာ ၁ ခု အပါအ၀င်ဖြစ်လာခဲ့ပြီး Lenovo ရဲ့ Vibe range ဖုန်းတွေဟာဆိုရင် အောင်မြင်မှုကို ဆက်လက်သယ်ဆောင်ခဲ့ပါ တယ်။ Vibe S1 ဟာ Lenovo ရဲ့ mid-range တစ်လုံးဖြစ်ပြီး စမတ်ဖုန်းတစ်လုံးမှာရှိသင့်သော အစွမ်းအစတွေ အားလုံးကိုတွေ့နိုင်ပါတယ်။

Lenovo Vibe S1 မှာ ဒီဇိုင်းသေသပ်လှပမှုအပြင် နောက်ထပ်ထူးကဲတာက ရှေ့ ဘက်ကင်မရာပဲဖြစ် ပါတယ်။ ရှေ့ကင်မရာအတွက် 8MP နဲ့ 2MP ၂ မျိုးရှိပြီး Selfie အတွက်ဆိုရင် 8MP ကင်မရာကိုအသုံးချရင် ပြည့်စုံလွန်းပါတယ်။ front-facing duo ကင်မရာတပ်ဆင်ထားတဲ့ ပထမဆုံး Android စမတ်ဖုန်းအဖြစ် Vibe S1 က နေရာယူထားပြီး ဒီအချက်တွေနဲ့တင် ၀ယ်ယူသုံးပျော်ပါတယ်။ Dual-SIM အမျိုးအစားစမတ်ဖုန်းဖြစ်ပြီး ၂၀၁၅ နိုဝင်ဘာကမှ အသစ်ထွက်ရှိထားတာဖြစ်ပါတယ်။ ၅ လက်မအရွယ် Display ကို Vibe S1 မှာတွေ့ရပြီး ရုပ်ထွက်ကြည်လင်ပြတ်သားပါတယ်။ တစ်နေ့တာလုံးအသုံးခံနိုင်တဲ့ ဘက်ထရီပမာဏပါဝင်ပြီး 3G ကွန်ရက်မှာ ၁၂ နာရီကြာ စကားပြောနိုင်ပါတယ်။

* Design & Build *
စမတ်ဖုန်းထုတ်လုပ်သူအများစုဟာ များသောအားဖြင့် ဈေးနှုန်းနဲ့ ဖုန်းအချက်အလက်တွေကိုယှဉ်ပြီး အပြိုင် အဆိုင်ဖန်တီးခဲ့ကြပါတယ်။ Lenovo ကတော့ အာရုံစိုက်ပြီး ဖန်တီးပြင်ဆင်ခဲ့ပါတယ်။ Flagship ဖုန်းတစ်လုံးပီပီ သတ္တုနဲ့ ဖုန်းကိုယ်ထည်တစ်ခုလုံးကိုတည်ဆောက်ထားပြီး အဝေးကကြည့်လိုက်ရင်တောင် အရမ်းပေါ်လွင် ထင်ရှားပါတယ်။ ခိုင်ခံ့တဲ့အလူမီနီယမ်နဲ့ ဖွဲ့စည်းထားတဲ့ သတ္တုဘေးဘောင်နဲ့အလှဆင်ထားပြီး လေးထောင့် ကျကျဒီဇိုင်းမျိုးဖြစ်အောင် ဖန်တီးပေးထားပါတယ်။ အခုနောက်ပိုင်းမှာ ဖန်သားနဲ့တည်ဆောက်ထားတဲ့ဖုန်းတွေ ဟာ လူကြိုက်ပိုများလာပြီး Lenovo Vibe S1 ရဲ့ ကျောပြင်မှာ ဖန်သားကိုပြောင်လက်နေအောင် အသုံးပြု ထားတာတွေ့ရပါတယ်။ ညာဘက်ခြမ်းမှာရှိတဲ့ volume ခလုတ်နဲ့ Power ခလုတ်တို့ကိုလည်း သတ္တုနဲ့ဖွဲ့စည်းထားပြီး လွယ်လွယ်ကူကူနှိပ်သုံးနိုင်ပါတယ်။ Vibe S1 ဟာ 7.8mm အထူနဲ့ 132g အလေးချိန်ရှိပြီး ကျောဘက်ကိုအနည်းငယ်ခုံးထားတာမို့ လက်ထဲမှာအံဝင်ခွင်ကျဖြစ်နေပါလိမ့်မယ်။ Lenovo Vibe S1 မှာ အဖြူနဲ့ အပြာ ၂ မျိုး ရွေးချယ်စရာရှိပြီး အပြာရောင်က ပိုမိုစွဲမက်စရာကောင်းပါတယ်။
* Display *
IPS LCD capacitive touchscreen အမျိုးအစားဖြစ်ပြီး မျက်နှာပြင်ဟာ ၅ လက်မအရွယ်ရှိပါတယ်။ ရုပ်ထွက် အရည်အသွေး 1080×1920 pixels Full HD ကိုပံ့ပိုးပေးနိုင်တဲ့ အကောင်းဆုံး Display ကိုရရှိမှာဖြစ်ပြီး မြင်ကွင်းရှုထောင့်မျိုးစုံအတွက် အဆင်ပြေပါတယ်။ ရုပ်ထွက်သိပ်သည်းဆ 441ppi ထိပါဝင်ပြီး မျက်နှာပြင်ကို Corning Gorilla Glass 3 နဲ့ မျက်နှာပြင်အကြမ်းဒဏ်ကို ကာကွယ်ပေးထားပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ LCD Display ကြောင့် အရောင်တွေကို စုံစုံလင်လင်၊ တောက်တောက်ပပမြင်တွေ့ရမှာ ဖြစ်ပါတယ်။

* Operating System and Camera*
Lenovo Vibe S1 မှာ Android OS 5.0 (Lollipop) ကို သုံးနိုင်မှာဖြစ်ပါတယ်။ သာမန်ထက်ကောင်းမွန်တဲ့ Vibe S1 ရဲ့ ကင်မရာဟာ 13MP အရည်အသွေးရှိပြီး အဓိကကင်မရာအဖြစ်အသုံးပြုနိုင်ပါတယ်။ Dual-LED Flash ပါဝင်ပြီး HDR, Panorama တွေ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုတွေလည်းရိုက်ကူးနိုင်ပြီး Vibe S1 မှာ ရှေ့ကင်မရာ ၂ ခုပါရှိပါတယ်။ တစ်ခုဟာ 8MP ဖြစ်ပြီး Selfies အတွက် အဓိကရည်ရွယ်ထားပါတယ်။ နောက်ကင်မရာ တစ်ခုဟာ DOF အတွက် 2MP ကင်မရာဖြစ်ပါတယ်။

* Performance *
MediaTek MT6752 64bit Octa-core processor က စွမ်းဆောင်ရည်အတွက် အလုပ်လုပ်ပေးပြီး 1.7GHz မြန်နှုန်းရှိပါတယ်။ စွမ်းဆောင်ရည်ပြေပြစ် ချောမွေ့နေလောက်အောင်ကောင်းမွန်ပြီး 3GB RAM ကို လုံလုံ လောက်လောက်သုံးနိုင်ပါတယ်။ Mali-1760 MP2 ဂရပ်ဖစ်ကိုထည့်သွင်းထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှု ပမာဏ 32GB ပါရှိပြီး micro SD နဲ့ 128GB အထိ မြှင့်တင်အသုံးပြုနိုင်ပါတယ်။ ဖုန်းမှာ ဖြုတ်/တပ်လို့မရတဲ့ Li-Po 2420mAh ဘက်ထရီသုံးစွဲပေးထားပါတယ်။

* Specification *
Display : 5.0 inches, IPS LCD capacitive touchscreen Memory : 32 GB, 3 GB RAM, microSD, up to 128GB(uses SIM 2 slot) Camera : 13 Megapixel, f/2.2, Phase detection autofocus, dual-LED (dual tone) flash, Geo-tagging OS : Android OS, v5.0 (Lollipop) Phone : 01-398436 (UNiQUE)

Price : 399,000/-
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com