1/26/2016

♪ Microsoft က iOS အတွက် Office Apps များတွင် 3D Touch စွမ်းဆောင်ချက်ကို ထည့်သွင်းပေး ♫


Microsoft က 3D Touch စွမ်းဆောင်ချက်ကို Office Apps များတွင် အသုံးပြုနိုင်ပြီဟု ကြေညာပါသည်။ ထို့အပြင် Apple ၏ ဒစ်ဂျစ်တယ် ကညစ်တံကိုလည်း Office Apps များနှင့် တွဲဖက် အသုံးပြုနိုင်ပါသည်။ iPhone 6s နှင့် 6s Plus ဖုန်းများမှစ၍ Apple က မျက်နှာပြင်အပေါ် သက်ရောက်သည့် အားအပေါ်မူတည်၍ အလုပ်များ လုပ်ပေးနိုင်သည့် 3D Touch မျက်နှာပြင် နည်းပညာကို မိတ်ဆက်ခဲ့ပါသည်။

Home Screen များပေါ်ရှိ App Icons များကို အားဖြင့် ဖိလျှင် Menu ကို ပြသပေးမည်ဖြစ်ပြီး ယခင်အသုံးပြုထားသော ဖိုင်များကို လျှင်မြန်စွာ ဖွင့်နိုင်ခြင်း၊ Documents တစ်ခုကို ဖန်တီးနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။ 

ထို့အပြင် iOS 9 Spotlight မှနေ၍ Documents များကို ရှာဖွေနိုင်ပြီဖြစ်သည့်အတွက် Office Apps များကိုဖွင့်ပြီးမှ ရှာဖွေရန်မလိုတော့ပါ။ iPad Pro မှ Office Apps များတွင် Apple Pencil ဖြင့် စာရေးခြင်း၊ ပုံဆွဲခြင်းများကိုလည်း ပြုလုပ်နိုင်ပြီဖြစ်သည်။ PowerPoint တွင်လည်း အရာဝတ္ထုများကို တစ်ပြိုင်နက် ရွှေ့ပြောင်းနိုင်သော Morph စွမ်းဆောင်ချက် ပါလာပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com