1/26/2016

♪ ZTE က Nubia Prague S ကို မိတ်ဆက် ♫


ZTE က Prague Smartphone Series အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါသည်။ Nubia Prague S ဟု အမည်ပေးထားပြီး တရုတ်တွင် ကြိုတင်မှာယူနိုင်ပြီဖြစ်သည်။ ဈေးနှုန်းမှာ ယွမ် ၂၄၉၉ ဖြစ်ပါသည်။

ZTE Nubia Prague S သည် Dual-SIM Phone ဖြစ်ပြီး Android 5.1 Lollipop နှင့် Nubia UI 3.0 Skin ကို ပေါင်းစပ်ထည့်သွင်းထားပါသည်။ ၅.၂ လက်မအရွယ် Full HD 1080x1920 Pixels Super AMOLED Display တပ်ဆင်ထားပြီး အကြမ်းခံစေရန် Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ 64-Bit Octa-Core Qualcomm Snapdragon 615 Processor မောင်းနှင်မည်ဖြစ်ပြီး 3GB RAM ထည့်သွင်းပေးထားပါသည်။

အနောက်ဘက်တွင် 13MP Camera တပ်ဆင်ထားပြီး Phase Detection Auto Focus နည်းပညာပါရှိပါသည်။ အရှေ့ဘက်တွင် 8MP Camera ပါရှိပါသည်။ ZTE ၏ NeoVision 5.2 Camera UI ကို အသုံးပြုထားပါသည်။ 64GB Internal Storage ထည့်သွင်းပေးထားပြီး 128GB အထိ ၀င်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။

4G LTE , Bluetooth, WiFi, GPS, micro USB ဆက်သွယ်မှုများကို ထောက်ပံ့ပါသည်။ 2200mAh Battery ထည့်သွင်းထားပြီး လျှင်မြန်စွာ အားသွင်းနိုင်သော နည်းပညာပါရှိပါသည်။ ၁၀ မိနစ်အတွင်းတွင် ၂၅ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်ပါသည်။

သတ္တုဖရိမ် တပ်ဆင်ထားပြီး အထူမှာ ၆.၈ မီလီမီတာ ဖြစ်ပါသည်။ လက်တစ်ဖက်တည်းနှင့် အသုံးပြုနိုင်သော FiT စွမ်းဆောင်ချက်ပါရှိပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com