1/27/2016

♪ Xiaomi Mi 5 စမတ်ဖုန်းကို ဖေဖော်ဝါရီ ၂၄ ရက်တွင် မိတ်ဆက်မည် ♫


လူအများစောင့်ဆိုင်းနေကြသော Xiaoi Mi 5 စမတ်ဖုန်းကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်ဖြစ်ကြောင်း တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi က ထုတ်ဖော်ပြောကြားသည်။

အဆိုပါ စမတ်ဖုန်းသစ်ကို အလုံးအရင်းနှင့် ထုတ်လုပ်လျက်ရှိပြီး ဖြန့်ချိချိန်တွင် လုံလောက်စွာရောင်းချနိုင်လိမ့်မည် ဖြစ်ကြောင်း Xiaomi ၏ စီနီယာဒုဥက္ကဋ္ဌဖြစ်သူ လီဝမ်ကျင်းက Weibo မှတစ်ဆင့် အတည်ပြုပြောကြားသည်။

အစောပိုင်းက ပေါက်ကြားထွက်ပေါ်လာသော သတင်းများအရ Xiaomi Mi 5 တွင် 2K (1440 x 2560p) resolution နှင့် ဖော်ပြပေးနိုင်မည့် ၅.၅ လက်မ screen နှင့်အတူ 2.5GHz Qualcomm Snapdragon 820 chipset ပါဝင်လာမည်ဟု ဆိုသည်။ သိုလှောင်မှုပမာဏအနေဖြင့် 16GB, 64GB နှင့် 128GB တို့ဖြင့် ရရှိနိုင်ပြီး RAM က 4GB ဟု ဖော်ပြခဲ့သည်။ ကျောဘက်တွင် 20MP ကင်မရာပါဝင်ပြီး အရှေ့ဘက်ကင်မရာက 8MP ဖြစ်ကာ ဘက်ထရီက 3,800mAh ဖြစ်ကြောင်း ဆိုသည်။

လတ်တလောတွင် Xiaomi သည် Xiaomi Redmi 3 ကို တရုတ်နိုင်ငံတွင် မိတ်ဆက်ပေးထားသည်။ Xiaomi Redmi 3 တွင် ၅ လက်မ HD (720p) display, 2GB RAM နှင့် 16GB သိုလှောင်မှုပမာဏဖြင့် အသုံးပြုနိုင်သည်။ ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။

Ref: TimesOfIndia
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com