1/05/2016

♪ ဟန်းဆက်မော်ဒယ်အသစ်များကိုသဘောကျသူများအတွက် " Vega Secret Up " ♫


" Vega Secret Up "
340,000/-
* Specification *
Display : 5.6 inches, IPS LCD capacitive touchscreen
Memory : 16 GB, 2GB RAM
Camera : 4160 x 3120 pixels, 1920 x 1080 pixels, 30fps
OS : Android OS v4.2.2 (Jelly Bean)
Phone : 09-254955499 (Marcus)

ကိုရီးယားနိုင်ငံထုတ် Samsung နဲ့ LG ကုမ္ပဏီတွေလို နာမည်ရအောင်မြင်ချင်တာကြောင့် Pantech က Vega Secret Up ကို အထူးခြားဆုံးဖြစ်အောင် တီထွင်ပေးခဲ့ပါတယ်။ Vega Secret Up မှာ Eye- tracking နဲ့ Gesture ကို အခြေခံထားတဲ့ Navigation တို့ ပါဝင်ပြီး ဖန်သားပြင်ကျောဘက်ဒီဇိုင်းကလည်း ဆွဲဆောင်မှု ရှိပါတယ်။ Fingerprint Sensor နည်းပညာကို Secret Vega Note Phablet စတင်ထည့်သွင်းခဲ့ပြီး အတော်လေးအောင်မြင်ခဲ့တာကြောင့် Secret Note Version ထက် ပိုမိုကောင်းမွန်တဲ့ Vega Secret Up ရဲ့ ကျောဘက်မှာ Sensor ကို စနစ်တကျ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

Vega Secret Up မှာ Secret 2.0 Mode လို့ခေါ်တဲ့ Feature ဟာ လက်ဗွေရာကို တိတိကျကျ မှတ်သားဖော်ပြပေးပြီး Software လုံခြုံရေးကို လည်း Hardware နဲ့ ပေါင်းစပ်ဆောင်ရွက်ပေးပါတယ်။ အခြားစိတ်ဝင်စားစရာ Feature တွေ ပါဝင်တာ တွေ့ရပြီး Qualcomm DRE Audio နည်းပညာကိုသုံးပေးထားတာမို့ အသံပိုင်းမှာကျယ်ကျယ်လောင် လောင်နဲ့ ကြည်လင်ပြတ်သားပါတယ်။ ဒီ Phablet မှာ FLAC (Free Lossless Audio Codec) ကိုလည်း Support လုပ်တာ တွေ့ရပါတယ်။ Vega Secret Up ဟာ Micro SIM အမျိုးအစားစမတ်ဖုန်းဖြစ်ပြီး 3G, 4G ကွန်ရက်တွေအထိ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ GPS, Wi-Fi, Bluetooth 4.0, USB 2.0 နဲ့ NFC စတာတွေ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Pantech Vega Secret Up ဟာ 76.4 x 151.4 x 9.5 mm အရွယ်အစား ရှိပါတယ်။

* Design & Build *
Vega Secret Up ရဲ့ ဒီဇိုင်းကတော့ရိုးရှင်းပြီး လှပသေသပ်တဲ့ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ ဘေးထောင့်တွေ အနည်းငယ်ခုံးထားပြီး သတ္တုသားလို ပြောင်လက်နေအောင် ငွေရောင်နဲ့ဘေးဘောင်တစ်လျှောက် ဝန်းရံ ထားတာ တွေ့ရပါတယ်။ Vega Secret Up ကို လက်ထဲမှာကိုင်သုံးတဲ့အခါ သက်သောင့်သက်သာနဲ့ ပေါ့ပါးနေအောင် ကျောဘက်ကို အနည်းငယ်ခုံးပေးထားပါတယ်။ အလေးချိန် 173g ရှိပြီး 9.5mm အထူရှိတဲ့ Vega Secret Up ကို ပါးလွှာတဲ့စမတ်ဖုန်းအဖြစ်မသတ်မှတ်နိုင်ပေမယ့် တောင့် တင်းခိုင်မာတဲ့ကိုယ်ထည်ကို ရရှိမှာပါ။ Vega Secret Up ကို အရောင် ၂ မျိုးနဲ့ ရရှိနိုင်ပြီး အဖြူနဲ့အနက်တို့ဖြစ်ပါတယ်။ Vega တံဆိပ်ကို ရှေ့မျက်နှာပြင်မှာမတွေ့ရဘဲ ကျောဘက်မှာပဲ ထည့်သွင်းထားပါတယ်။ ဘယ်ဘက်ခြမ်းမှာ အသံ အတိုး၊ အလျှော့ခလုတ်ကို တွေ့ရပြီး ရှေ့မျက်နှာပြင်ဟာ Home ခလုတ်ကိုလည်း သေးသေးသွယ်သွယ်နဲ့ နှိပ်ရလွယ်ကူအောင် ဖန်တီးပေးထားပါတယ်။

* Display *
၅ .၆ လက်မအရွယ် Display ကြောင့် Phablet တစ်လုံးလို့ သတ်မှတ်နိုင်ပြီး IPS Pro Display အမျိုးအစားဖြစ်ပါတယ်။ 1080 x 1920 Pixels Full HD ရုပ်ထွက်အရည်အသွေးကို ရရှိနိုင်ပြီး Vega Secret Up မှာ Fingerprint Scanner ဟာ ပိုမိုကောင်းမွန်စိတ်ချရတဲ့ လုံခြုံရေးစနစ်ကို ပေးစွမ်းနိုင်ပါတယ်။ ဒီ Phablet ရဲ့ Screen ကို Privacy Protected လုပ်ထားတာမို့ အသုံးပြုနေရင် ဘေးက အခြားလူမြင်သွားမှာမျိုးအတွက် စိတ်ပူစရာမရှိအောင် ပြုလုပ်ထားပါတယ်။

* Performance *
Vega Secret Up မှာ ဈေးကွက်မှာ အမြန်ဆုံးမိုဘိုင်း Chipset တစ်ခုဖြစ်တဲ့ Dualcomm Snapdragon 800 ကို ထည့်သွင်းထားပြီး 2.3GHz မြန်နှုန်းရှိ Quad-core Processor က စွမ်းဆောင်ရည် အကောင်းဆုံး ပေးစွမ်းနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ RAM ပမာဏကတော့ 2GB ပါဝင်ပါတယ်။ ဖုန်းတွင်း သိုလှောင်မှုပမာဏ 16GB ကို ကောင်းကောင်းအသုံးချနိုင်ပြီး ဘက်ထရီပမာဏကိုလည်း Li-Ion 3150mAh သုံးစွဲနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဂရပ်ဖစ် Adreno 330 ပါဝင်ပါတယ်။ ထပ်မံလိုအပ်ခဲ့ရင်တော့ Micro SD, Micro SDHC, Micro SDXC တို့ကို ထည့်သွင်းအသုံးပြုနိုင်ပါသည်။

* Operating System and Camera *
Vega Secret Up မှာ Android OS 4.2.2 (Jelly Bean) Run ထားပါတယ်။ ဖုန်းရဲ့ကျောဘက်မှာ စွမ်းဆောင်ရည်ကောင်းတဲ့ 13MP ကင်မရာကို တွေ့နိုင်ပြီး Flash မီး ပါဝင်ပါတယ်။ ရှေ့ဘက်မှာ Selfie ရိုက်ကူးဖို့ 2MP ကင်မရာကိုတပ်ဆင်ထားပြီး 1080p Full HD ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ကင်မရာရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်တာမို့ စိတ်ချရပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com