1/05/2016

♪ 55,000 ကျပ်သာရှိသည့်တန်းဖိုးနည်းစမက်ဖုန်း - “Cherry Mobile Flare Lite Quad” ♫


အာရှတိုက်များမှ နိုင်ငံအများစုသည် မိုဘိုင်းဖုန်းသုံးစွဲမှု သိပ်သည်းဆနှုန်း တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ ပါတယ်။ ဒါကြောင့် ဟန်းဆက်ထုတ်လုပ် သော ကုမ္ပဏီများ၏ ဈေးကွက်ဦးတည်ရာ အနေအထား တစ်ခုလည်း ဖြစ်လာပါတယ်။ ဖိလစ်ပိုင်နိုင်ငံထုတ် ဟန်းဆက်များကိုလည်း ဈေးကွက်ထဲ၌ ၀ယ်ယူ အသုံးပြုနိုင်ပါတယ်။ Cherry Mobile အမှတ်တံဆိပ် ဖုန်းများသည် ဈေးနှုန်းပိုင်း အတော့်ကိုသက်သာပြီး အရည်အသွေးလည်း ကောင်းမွန်ပါ တယ်။

ယခုဖုန်းလေးကတော့ အရွယ်အစားမကြီးမားသော ဖုန်းများကို သုံးချင်သူများအတွက် အဆင်ပြေစေ ပါလိမ့်မယ်။ မော်ဒယ်နံပါတ်မှာ Q 890 ဖြစ်ပါတယ်။ ဖုန်းရဲ့ပုံပန်းသဏ္ဌာန်သည် လေးထောင့်ကျသော အသွင်ဒီဇိုင်း ရှိပါတယ်။ အရွယ်အစားပမာဏကတော့ 122.8 x 63.5 x 10.7 mm ဖြစ်ပြီး အလေးချိန်သည် 120g ရှိပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်း အသုံးပြု နိုင်မယ့် ဖုန်းအမျိုးအစားပါ။ ဖုန်းရဲ့ မျက်နှာပြင် အကျယ်အ၀န်းကတော့ 4 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေး ထားသော pixels ပမာဏမှာ 480 x 800 ပါ။

အရှေ့၊အနောက် ကင်မရာနှစ်မျိုးနှစ်စားပါရှိသောဖုန်းဖြစ်ပြီး အဓိက ကင်မရာသည် 5MP စွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 1GB ထည့်သွင်း ပေးထားပြီး ROM ကို 8GB ပါရှိအောင် ပြုလုပ်ပေးထားပါတယ်။ အချက် အလက်အများအပြား သိမ်းဆည်းနိုင်ဖို့ အတွက်လည်း Cardslot စနစ် ပါရှိပါတယ်။ CPU အမျိုးအစားသည် Quadcore 1.3 GHz အမျိုးအစား ဖြစ်ပြီး GPU မှာ Mali 400 ဖြစ်ပါတယ်။

wifi နှင့် Bluetooth စနစ်များကို လည်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဖျော်ဖြေမှု ရသများကို ပေးစွမ်းနိုင်သည့် အခြား စနစ်များလည်း အသုံးပြုလို့ရပါမယ်။ သုံးစွဲနိုင်မယ့် Android Version မှာ KitKat ဖြစ်ပါတယ်။ ထည့်သွင်းပေးထားသော ဘက်ထရီအမျိုးအစား သည် 1300 mAh စွမ်းရည်ဖြစ်ပါတယ်။

<Specification>
Network - GSM/ WCDMA
Screen - 4 inches
Memory - up to 64 GB
Bluetooth - v4.0
CPU - Quad core 1.3 GHz
OS - Android KitKat
Contact - 01-571743
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com