1/05/2016

♪ " Gionee Marathon M5 Plus နှင့် ZTE Axon MAX " နှစ်မျိုးရဲ့အားသာချက် ၊ အားနည်းချက်များ ♫


Gionee Marathon M5 Plus ဟာဆိုရင် Gionee ရဲ့ Marathon Series တွေထဲမှာ အကြီးမားဆုံး ဘက်ထရီတပ်ဆင်ထားတဲ့ စမတ်ဖုန်းဖြစ်ပြီး အရင် Marathon M5 နဲ့ မတူဘဲ သိသိသာသာ သတိထားမိစေမယ့်အချက်က fingerprint scanner ပါဝင်လာတာ ဖြစ်ပါတယ်။ ရှေ့မျက်နှာပြင် Home ခလုတ်မှာ fingerprint scanner ကို ထည့်သွင်းပေးထားပြီး ၆ လက်မအရွယ်ရှိတဲ့ မျက်နှာပြင်ဟာ အတော်လေးကြီးမားပါတယ်။ M5 Plus မှာ Android OS 5.1 (Lollipop) ကို Amigo 3.1 နဲ့ တွဲဖက်သုံးနိုင်ပါတယ်။ 

အဓိကကင်မရာ 13MP ဖြစ်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာကို အသုံးပြုနိုင်ပါတယ်။ M5 Plus မှာ Type-C port ပါဝင်ပါတယ်။ ZTE Axon MAX မှာ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ရှိပြီး 128GB အထိ microSD နဲ့ မြှင့်တင်နိုင်ပါတယ်။ အဓိကကင်ရာဟာ 16MP အရည်အသွေးရှိပြီး ရှေ့ဘက်ကင်မရာဟာ 13MP ဖြစ်ပါတယ်။ Axon MAX မှာ Android OS 5.1 (Lollipop) run ထားပြီး MiFavour 3.5 skin သုံးထားပါတယ်။

* Design *

1. Gionee Marathon M5 Plus

Marathon M5 Plus ဟာ 160.9 x 81.2 x 8.4mm အထူရှိပြီး 208 g လေးပါတယ်။ M5 နဲ့ ယှဉ်လိုက်ရင် 3g လောက် ပိုမိုပေါ့ပါးပါတယ်။ မျက်နှာပြင်မှာ home button ပါဝင်လာတဲ့ ပထမဆုံး ဖုန်းအမျိုးအစားဖြစ်ပြီး ကျောဘက်ကို ခုံးထားတဲ့ဒီဇိုင်းနဲ့ ထွက်ရှိလာပါတယ်။

2. ZTE Axon MAX

Axon series တွေအတိုင်း Axon MAX ကို အဆင့်မြင့်မြင့်စမတ်ဖုန်းမှန်း သိသာနေအောင် ဒီဇိုင်းဖော်ထားပြီး ပါးလွှာတဲ့ကိုယ်ထည်ကို Aircraft-grade အလူမီနီယမ်-တိုက်တေနီယမ်နဲ့ တည်ဆောက် ထားပါတယ်။ ကျောဘက်ကင်မရာကို အလယ်မှာ တပ်ဆင်ထားပါတယ်။

* Processor *

1. Gionee Marathon M5 Plus

ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းမှာ စိတ်ချရတဲ့ Mediatek MT6753 octa-core processor ကို သုံးပေးထားပါတယ်။ မြင့်မားတဲ့မြန်နှုန်းရှိ processor က အကောင်းဆုံး အလုပ်လုပ်ပေးမှာဖြစ်ပြီး RAM 3GB ကို ကောင်းကောင်းအသုံးချနိုင်ပါတယ်။

2. ZTE Axon MAX

Qualcomm Snapdragon 617 chip ကို အသုံးပြုထားပြီး Qualcomm ရဲ့ mid-rage ဖုန်းတွေ အတွက် အသစ်စက်စက် octa-core processor ဖြစ်ပါတယ်။ RAM 3GB နဲ့ တွဲဖက်ထားပြီး အဆင့်မြင့်ဂိမ်းနဲ့ App တွေကို အခက်အခဲမရှိ အကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။

* Display *

1. Gionee Marathon M5 Plus

မျက်နှာပြင်ကြီးမားပြီး ၆ လက်မအရွယ် AMOLED Display ဖြစ်ပါတယ်။ Full HD ရုပ်ထွက် အရည်အသွေးကို ပေးစွမ်းနိုင်ပြီး သိပ်သည်းဆ 368ppi ပါဝင်ပါတယ်။ Gorilla Glass နဲ့ မျက်နှာပြင်ကို ကာကွယ်ပေးထားပြီး Home ခလုတ်ကနေ fingerprint ကို ဆောင်ရွက်နိုင်ပါတယ်။

2. ZTE Axon MAX

Axon MAX ရဲ့ မျက်နှာပြင်ဟာ ၆ လက်မအရွယ်ရှိပြီး AMOLED အမျိုးအစား ဖြစ်ပါတယ်။ ရုပ်ထွက် အရည်အသွေးဟာ 1080 x 1920 pixel full HD ဖြစ်ပြီး အရောင်အသွေး စုံလင်တဲ့မျက်နှာပြင်ကို ခံစား ကြည့်ရှုနိုင်ပါတယ်။

* Verdict *

1. Gionee Marathon M5 Plus

Gionee Marathon M5 Plus ဟာ မျက်နှာပြင်အရွယ်အစား ကြီးမားနေရုံသာမက ကိုယ်ထည်နဲ့ လိုက်ဖက်တဲ့ ဘက်ထရီပမာဏ ခပ်များများကိုလည်း သုံးစွဲပေးထားပါတယ်။ အံ့သြစရာကောင်းတဲ့ Li-Po 5020mAh ဘက်ထရီနဲ့ ထွက်ရှိလာပြီး fingerprint လည်း ပါဝင်တာမို့ ပြီးပြည့်စုံတဲ့ဖုန်းတစ်လုံး ဖြစ်ပါတယ်။

2. ZTE Axon MAX

ZTE ဟာ Axon series တွေထဲမှာ Axon MAX ကို high-end တစ်လုံးဖြစ်အောင် အကောင်းဆုံး ကြိုးစားတီထွင်ခဲ့ပြီး build quailty နဲ့ powerful hardware တွေကို သုံးထားပါတယ်။ USB Type-C ပါဝင်တာက စိတ်ဝင်စားစရာကောင်းပြီး ဘက်ထရီအတွက် Qualcomm ရဲ့ Quick Charge 3.0 နဲ့ support လုပ်ပေးပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com