1/22/2016

♪ “OPPO က F1 ကို ကြေညာ” ♫


OPPO က F Series အသစ်ကို မိတ်ဆက်လိုက်ပြီး ပထမဆုံးဖုန်းအနေနဲ့ F1 ကို ကြေညာလိုက်ပါတယ်။ တန်ဖိုးကြီး ဒီဇိုင်းဖြစ်ပြီး အလွန်ကောင်းမွန်တဲ့ ကင်မရာတပ်ဆင်ထားပါတယ်။ ဗီယက်နမ်မှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပေမယ့် အခြားနိုင်ငံများမှာတော့ မကြာမီ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ OPPO F1 မှာ ပါးလွှာတဲ့ ၇.၂၅ မီလီမီတာ အထူ အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက် ထားပါတယ်။

ငါးလက်မ IPS 720p Display တပ်ဆင်ထားပြီး အကြမ်းခံတဲ့ Corning Gorilla Glass 4 ဖြင့် ကာကွယ်ထားပါတယ်။ 1.7GHz Cortex-A53 Octa-Core Processor ပါတဲ့ Qualcomm Snapdragon 616 မောင်းနှင်မှာ ဖြစ်ပါတယ်။ 3GB RAM ထည့်သွင်းထားတဲ့အတွက် Multitasking ပြုလုပ်ဖို့ အဆင်ပြေစေပါတယ်။ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။ ကင်မရာဆော့ဝဲ Beautify 3.0 ထည့်သွင်းပေးထားပါတယ်။ Live Color Filters ၈ ခုပါရှိပါတယ်။ ထူးခြားချက်မှာ အလင်းရောင်နည်းပါးတဲ့ အခြေအနေမှာ စကရင်ကို Flash အဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

OPPO F1 မှာ 16GB Internal Storage အပြင် microSD Card ထည့်သွင်းနိုင်ပါတယ်။ Dual SIM စွမ်းရည်နဲ့ 4G LTE ဆက်သွယ်မှုများကို အသုံးပြုနိုင်ပါတယ်။ 2500mAh Battery တပ်ဆင် ထားပြီး Android 5.1 Lollipop ကို Color OS 2.1 နဲ့ ပေါင်းစပ်ထားပါတယ်။ OPPO F1 ကို ဒေါ်လာ ၂၉၀ ၀န်းကျင်ဖြင့် ဗီယက်နမ်မှာ ကြိုတင်မှာယူနိုင် ပါပြီ။ 

ယခုလ ၁၃ ရက်နေ့မှာ thegioididong.com ကနေ စတင်ရောင်းချပေး မှာဖြစ်ပါတယ်။ ကြိုတင်မှာယူသူ ပထမဆုံး ၁၅၀၀ ကို iLike Bluetooth Headset ပေးမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ဇန်န၀ါရီလ ၂၅ ရက်နေ့ တွင် ရောင်းချပေးမှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com