1/22/2016

♪ iPhone case ကြောင့် ၉ နှစ်အရွယ် မိန်းကလေး ထိခိုက်ဒဏ်ရာရခဲ့ ♫


အိုလီဗီးယားရတ်တာသည် iPhone 5c အတွက် New Look iPhone case ကိုဝယ်ယူခဲ့သည်။ အဆိုပါ New Look case ကြောင့် အသက် ၉ နှစ်အရွယ် အိုလီဗီးယားသည် သေရာပါ အနာရွတ် ရရှိခဲ့သည်။

အဆိုပါ မိန်းကလေး၏ ရိုးရှင်းသော iPhone case ဓာတုဗေဒ လောင်ကျွမ်းဖြစ်ပုံ Daily Mail တွင် အသေးစိတ် ဖော်ပြထားသည်။ သူမသည် အိပ်ရာထဲတွင် အိပ်ပျော်နေစဉ် ဖုန်းကို ယူထားလေ့ရှိသည်။ New Look တွင် ဝယ်ယူခဲ့သော iPhone case မှာ နှင်းခဲနှင့် ဆင်တူသော ပလတ်စတစ် နောက်ခံအပြင် ဖုန်းကို လှုပ်ခတ်လိုက်လျှင် သက်တံပုံစံနှင့် တောက်ပသည့် အမှုန်များ ဖြစ်စေသော အရည်လည်း ပါဝင်သည်။ အဆိုပါဓာတ်တုဗေဒ ပစ္စည်းများသည် ကလေးမ၏ ခြေထောက်သို့ ရောက်ရှိလာပြီး အသားရေတွင် ဖုန်းပုံစံ လောင်ကျွမ်းသွားစေခဲ့သည်။

၎င်း iPhone case မှာပေါင် ၅.၉၉ သို့မဟုတ် ပေါင် ၈.၆၆ ခန့်ရှိမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ case တွင်လုံခြုံရေး သတိပေးချက်များ မပါဝင်ပေ။ New Look က ပြောကြားချက်များအပေါ် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီး စတိုးဆိုင်များသို့ ၎င်း case ရောင်းချမှု ရပ်တန့်ရန် အကြောင်းကြားထားကြောင်း ထုတ်ပြန်ခဲ့သည်။

Ref: CultofMac
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com