<TWEAKS>
သင်ဟာ Apple device တစ်ခုခုကို သုံးစွဲတော့မယ်ဆိုရင် မရှိမဖြစ် လိုအပ်တာ ကတော့ Apple ID ပဲဖြစ် ပါတယ်။ Apple ID ကိုအသုံးပြုပြီး App Store မှ App များကို Download ပြုလုပ်နိုင်ခြင်း၊ iTunes Store မှ သီချင်းများကို ၀ယ်ယူနိုင်ခြင်း၊ Videos များကို ငှားရမ်း/၀ယ်ယူနိုင်ခြင်းနှင့် အခြားသောလုပ်ငန်းများကို လုပ် ဆောင်နိုင်ပါတယ်။ ဒီလုပ်ဆောင်ချက် တစ်ခုတည်းနဲ့ ကျန်တာတွေကိုသုံးစွဲလို့မရနိုင်ပါဘူး။ ယခုတစ်ပတ် အတွက် Siri,iMessage app တွေနဲ့ပတ်သက်လို့ ဘယ်လိုသုံးရမလဲဆိုတာတွေကို တစ်ခုချင်းစီ ဖော်ပြပေးလိုက်ပါတယ်။
<How to remove amount from Apple ID?>
Apple ID ကိုနိုင်ငံပြောင်းပြီးသုံးချင်တယ်ဆိုရင် ပြောင်းရတာလွယ်ကူပါ တယ်။ ဒါပေမယ့် မူလအကောင့် ထဲမှာ Amount ရှိနေသေးတယ်ဆိုရင်တော့ ဘယ်လိုမှပြောင်းလို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် အရင်ဆုံး Apple Support (Live Chat) နဲ့ဆက်သွယ်ပြီး လက်ကျန်အကောင့်ထဲ က Amount ကို ဖျက်ပေးရပါမယ်။အောက်တွင်ပေးထားသော Link ကိုသွားရောက်ပါ။ https;//getsupport.apple.com/
ထို့နောက် Apple ID ကိုရွေးပါ။ ပြီးလျှင် iTunes Store and App Store ကိုရွေးပါ။ ထို့နောက် Issues with account Verificationကိုရွေးပါ၊ ပြီးလျှင် Chat ကိုနှိပ်ပါ။ Chat နှိပ်ပြီးရင် တစ်ခါတစ်ရံ၌ အချိန်အနည်းငယ် စောင့်စား ရပါတယ်။ Live Chat Box ဟာ New Windows Tab တစ်ခုအနေနဲ့ တက်လာမှာဖြစ်ပြီး Thanks for contacting Apple Care Chat Support. My name is Blah Blah Blah.Please give me a moment to look over your information ဆိုပြီး စလာပါလိမ့်မယ်။
ထိုအခါ ဘာကူညီရမလဲဆိုတာ မေးပါလိမ့်မယ်။
I would like to remove the amount which is in my account to change into other store account ဆိုပြီးပုံစံတူပြန် ပြောလိုက်ပါ။ Apple Live Chat Support မှ သင့် Amount Remove လုပ်ချင်တဲ့ Apple ID Address ကိုမေးပါလိမ့်မယ်။
ပြီးလျှင် ၂-၃ မိနစ်ခန့်စောင့်ခိုင်းပါလိမ့်မယ်။ ထိုအချိန်မှာ မပိတ်လိုက်ပါနဲ့ဦး။ မကြာခင်မှာပဲ Live Chat မှ Amount ကို Remove လုပ်ပြီးပြီဖြစ်ကြောင်းကို Reply လာပါလိမ့်မယ်။ဒါဆိုရင်တော့ သင့်အကောင့်ထဲက iTunes Gift Card နဲ့ထည့်ထားတဲ့ လက်ကျန်ငွေပမာဏဟာ ပျောက် ဆုံးသွားပြီဖြစ်ပြီး သင်ပြောင်းလဲချင်တဲ့နိုင်ငံရဲ့အကောင့်ကို လွယ်ကူစွာပြောင်းလဲနိုင်ပြီပဲဖြစ်ပါတယ်။
Htet Wai
(iOS Knowledge Bank.MM)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal