Lenovo က ဆော်ဒီအာရေးဗီးယား ၀က်ဆိုက်တွင် K4 Note ကို
ရောင်းချပေးနေပါသည်။ ၀က်ဆိုက်တွင် ဖော်ပြထားသော ဈေးအရ ဒေါ်လာ ၂၄၀ နှင့်
ညီမျှပါသည်။ Amazon India က ရောင်းချပေးနေသော ဈေးနှုန်းထက် ၃၃ ရာခိုင်နှုန်း
ပိုမိုများပြားပါသည်။
Credit to ==> Myanmar Digital Life Journal
Lenovo က
အိန္ဒိယတွင် K4 Note ကို ဒေါ်လာ ၁၈၀ ခန့်ဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး
Dual-SIM Phone ဖြစ်ပါသည်။ ၅.၅ လက်မ 1080p (1920x1080) Display ကို Corning
Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ MediaTek MT6753 64-Bit Octa-Core
Processor ထည့်သွင်းထားပါသည်။ 3400mAh Battery , 3GB RAM, 16GB Storage
ထည့်သွင်းထားပါသည်။ 128GB အထိဝင်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။
Android Lollipop ထည့်သွင်းပေးထားပြီး သတ္တုဖရိမ်ပါရှိပါသည်။
သို့သော် ဆော်ဒီအာရေးဗီးယားတွင် ရောင်းချပေးနေသော အမျိုးအစားတွင် 3GB RAM, 16GB Stoage အစား 2GB RAM, 32GB Storage ထည့်သွင်းပေးထားပါသည်။ အနက်ရောင်အပြင် အဖြူရောင်ကိုလည်း ဆော်ဒီအာရေးဗီးယား ၀က်ဆိုက်တွင် ပြသထားပါသည်။ Fingerprint Sensor တပ်ဆင်ထားပါသည်။ Phase Detection Autofocus , HDR, Panorama တို့ပါသော 13MP Camera ကို အနောက်ဘက်တွင် တပ်ဆင်ထားပါသည်။ အရှေ့ဘက်တွင် 5MP Camera ပါရှိပါသည်။