Dell သည် CES 2016 တွင် မော်နီတာများကို ပြသသွားခဲ့ပြီး UltraSharp 30
4K OLED မော်နီတာ သည် စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ခဲ့သည်။ UltraSharp 30
OLED မော်နီတာအတွက် Dell အတွက် ပထမဆုံး OLED မော်နီတာဖြစ်ခဲ့သည်။ OLED ၏
အကျိုးကျေးဇူးအား ဂရပ်ဖစ်ဒီဇိုင်း၊ ဓာတ်ပုံနှင့် ဗီဒီယို
တည်းဖြတ်မှုများတွင် သိသာစွာ မြင်တွေ့ရမည်ဖြစ်သည်။
လက်မ ၃ဝ ရှိသည့် OLED မော်နီတာသည် contrast ratio 400.000:1 ရှိပြီး trueblack ကို ရနိုင်မည်ဖြစ်ကာ အထူးမြန်ဆန်သည့် Ultra Fast response time 0.1 ms ရှိကြောင်း သိရသည်။ သုံးစွဲသူမှ မော်နီတာအား USB Type C port ကို သုံးကာ အလွယ်တကူ ချိတ်ဆက်သုံးစွဲနိုင်မည်ဟု သိရသည်။ ယခု OLED မော်နီတာသည် image burn-in ကို ကာကွယ်ရန် မော်နီတာ Firmware ၌ algorithm ထည့်သွင်းထားကြောင်း သိရသည်။ UltraSharp 30 OLED မော်နီတာ အား မတ်လမှစတင်ကာ ၄၉၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။ Dell ၏ UltraSharp Infinity Edge မော်နီတာမှာမူ အထူးပါးလွှာသောဘောင်များရှိပြီး 27" QHD နှင့် 23.8" Full HD ဟူ၍ ထုတ်လုပ်ေ ပးထားသည်။
ဖေဖော်ဝါရီမှ စတင်ရောင်းချသွားမည်ဖြစ်ပြီး 27" အတွက် ၇၁၉ ဒေါ်လာနှင့် 24" အတွက် ၃၄၉ ဒေါ်လာ အသီးသီး ကျသင့်မည်ဟု သိရသည်။ ထို့အပြင် Dell သည် UltraSharp 24 နှင့် 23 Wireless မော်နီတာများကိုလည်း ပြသသွားခဲ့သည်။ Miracast tech ဖြင့် ကြိုးမပါဘဲ ပုံရိပ်များကို ပြသ သွားနိုင်မည် ဖြစ်သည်။ စပီကာနှင့် wireless charging stand များလည်း ပါဝင်ကြောင်း သိရသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal