M Series တွေဟာ ဘက်ထရီသက်တမ်းတာရှည်ခံနိုင် ဖို့ကို
ဦးတည်ထုတ်လုပ် ထားတာဖြစ်ပြီး ယခုဖုန်းမှာတော့ 6020mAh စွမ်းအားကို
ပေးစွမ်းထား ပါတယ်။ Dual Battery Cell အမျိုးအစားဖြစ်ပြီး
လုံခြုံရေးပိုင်းဆိုင်ရာမှာ လည်းပြည့်စုံပါ တယ်။ သူ့ရဲ့ပေါင်းစပ်မှုကတော့ 3010mAh ရှိတဲ့ ဘက်ထရီနှစ်လုံးကိုပေါင်းစပ် ပေးထားတာပါ။ ဖုန်းရဲ့ ဘက်ထရီသက်တမ်း ဟာ သာမန်သုံးစွဲမယ့်သူတွေအတွက် ၄ ရက် တိတိတာရှည်ခံနိုင်စွမ်းရြှိ ပီး အမြဲမပြတ်ဂိမ်းဆော့တာ၊ တီဗီကြည့်တာတွေကိုပြုလုပ်နေ သူတွေအတွက် ကတော့ ၂ ရက်ကြာခံနိုင်စွမ်းရှိမှာဖြ စ်ပါတယ်။
ဘက်ထရီအားသွင်းတဲ့ စနစ်ကလည်းမြန်ဆန်ပြီး သူ့ရဲ့ အားသွင်း တဲ့စနစ်ဟာ
၁၀မိနစ်ကြာ အားသွင်းရုံနဲ့ ၇၅ နာရီနှင့် ၆၇မိနစ်ကြာ
စွမ်းအားကိုရရှိစေမှာဖြစ်ပါ တယ်။
စမတ်ပါဝါနည်းပညာကို သုံးစွဲထားတာကြောင့် M5 စမတ်ဖုန်းဟာ အခြား
မိုဘိုင်းဖုန်း ၂ လုံးကိုပါ တစ်ပြိုင်နက်တည်း အားပြန်လည်ဖြည့်သွင်း
ပေးနိုင် မှာ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေအတွက်ဦးတည်ြ ပီး ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်းဖြစ်တာကြောင့် မိုဘိုင်းကွန်ရက်ပေါင်းများ စွာမှာ ၀င်ရောက် သုံးစွဲနိုင်မှာဖြစ်ပါတယ်။ M5 ရဲ့နောက်ထပ်လုပ်ဆောင်ချက်ကေ တာ့ Smart Power Consumption ဖြစ်ပြီး ဖုန်းရဲ့ မလိုအပ်တဲ့ Application သုံးစွဲမှုတွေ Data သုံးစွဲမှုတွေကိုလျှော့ချပေး မှာဖြစ်ပါတယ်။ Extreme Mode ကိုသာ သုံးစွဲမယ်ဆိုရင် ဘက်ထရီ ၅ ရာခိုင်နှုန်းရှိနေတဲ့အခြေအေ နဟာ အသင့် အနေအထားအတွက် ၆၂ နာရီကြာခံနိုင်ရည်စွမ်းရှိမှာဖြစ်ပါတယ်။ စမတ် ဖုန်းတစ်လုံးအတွက်မျက်နှာပြ င်ဖော်ပြနိုင်စွမ်းဟာ အရေးကြီးလှပါတယ်။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ဖော်ပြနိုင်စွမ်းရရှိမှသာ ဂိမ်းတွေဆော့ ကစား တာ၊ ရုပ်ရှင်ကားတွေကြည့်တဲ့အချိ န်မှာ စိတ်ချမ်းသာစေမှာပါ။
ဒါကြောင့် Marathon M5 မှာ မျက်နှာပြင် ပုံရိပ်ဖော်ပြမှုကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ့် (720×1280 pixels) ကို ပေးစွမ်းထားပါတယ်။ Display ကတော့ AMOLED ဖြစ်ပြီး ၅.၅ လက်မမျက်နှာပြင်မှာ ပုံရိပ်တွေ ကိုအသေးစိတ်မြင်တွေ့နိုင်ဖို့
267ppi နဲ့ထောက်ပံ့ပေးထားပါတယ်။ Black screen အပြည့်သုံးစွဲတာဖြစ်ပြီး
၆လက်မအပြည့်ကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။ အလင်းရောင်တိုက်ရိုက်ကျတဲ့
နေရောင်ထဲမှာ ဖုန်းကို အသုံးပြုရင်တောင် မှမြင်ကွင်းတွေကို
အနှောင့်အယှက်မဖြစ်ဘဲကြည့်နိုင်ပါလိမ့်မယ်။
Gionee က သူ့ဆီကထုတ်တဲ့ ဖုန်းတွေမှာ သုံးနေကျအတိုင်း Amigo ကို ထည့်သွင်း
ထားပါတယ်။ ဒီအခါမှာတော့ android 5.1 ပြောင်းသွားပြီဖြစ်တာကြောင့်  3.1 UI ကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ Accelerometer, Gyro, Proximity, Compass ဆိုတဲ့ Sensor 4 မျိုးကိုသုံးနိုင်မှာဖြစ်ပြီး UI အသစ်ရဲ့ ထောက်ပံ့ ပေးမှုတွေကို သုံးနိုင်မှာပါ။ UI အသစ်မှာ လုံခြုံရေးဆိုင်ရာလုပ်ဆောင် ချက်
တွေကိုပါ ထောက်ပံ့ပေးလာမှာ ပါ။ Privacy Protection လုပ်ဆောင်ချက် ၅ ခုကို
သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာအတွက်ဆိုရင် ကြည်လင် ပြတ်သား တဲ့ အသံစွမ်းဆောင်ရည်ကိုရရှိနို င်စေဖို့အတွက် HiFi, smart PA,DTS အသံစနစ်တွေကိုရရှိနိုင်မြှာ ဖစ်ပါတယ်။ အဓိကကင်မရာ ဟာ 13MP ဖြစ်ပြီး၊ ဓာတ်ပုံတွေရိုက်ကူးမယ်ဆိုရင် 4128 × 3096 p အရည် အသွေး ရရှိနိုင်မှာ ဖြစ်ပြီး HDR mode သုံးပြီးရိုက်မယ်ဆိုရင်တော့ စိုပြည်ပြီး အရောင်စိုတဲ့ ပုံတွေကိုရပါလိမ့်မယ်။ Video ရိုက်မယ်ဆိုရင်တော့ 1080p@30fps ရရှိနိုင်မှာပါ။ မြင်ကွင်းကျယ်ဓာတ်ပုံရိုက်ကူး
လိုသူတွေ အတွက်ကတော့ Panorama သုံးစွဲနိုင်ပါလိမ့်မယ်။ သူငယ်ချင်းတွေနဲ့
အုပ်စုလိုက် Selfie ရိုက်ကူးလိုသူတွေ အတွက်ကတော့ 5MP ကင်မရာကို
သုံးစွဲနိုင်ပါလိမ့်မယ်။
Gionee M5 မှာ Quad-Core 1.3 GHz ပရိုဆက်ဆာ ကိုသုံးစွဲနိုင်မှာဖြစ်ပါ တယ်။ RAM ကတော့ 3GB ထောက်ပံ့ပေးထားပါတယ်။ အချက်အလက်တွေ သိုလှောင်သိမ်းဆည်းထားနိုင် ဖို့ အတွက်က လတ်တလောထွက်ရှိထားတဲ့ စမတ်ဖုန်းတွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့
32GB သိုလှောင်မှုပမာဏကို သုံးစွဲနိုင်မှာဖြစ်ပါ တယ်။ ဖုန်းရဲ့
သိုလှောင်နိုင်စွမ်းကို ထပ်မံလိုအပ်တယ် ဆိုရင်တော့ SD card သုံးပြီးတော့
128GB လက်ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ အချက်အလက်တွေ ဝေမျှသုံးစွဲနိုင်စေဖို့အတွ က်တော့ Bluetooth 4.0, Wi-Fi တို့ကိုသုံးစွဲနိုင်ပါလိမ့် မယ်။
အခြား ချိတ်ဆက်မှုတွေ အနေနဲ့ Micro-USB 2.0, USB host
တို့ကိုသုံးနိုင်မှာပါ။ ဘက်ထရီကို ပြန်လည်အားဖြည့်သွင်းတဲ့ အခါမှာ
မြန်ဆန်စွာအားပြည့် သွားစေမယ့် Fast Charge နည်းပညာသုံးနိုင် ပါတယ်။ အဖြူ၊
အနက်နှင့် ရွှေရောင်ဆိုပြီး အရောင်(၃) ရောင်ထုတ်လုပ်ပေး ထား ခြင်းကြောင့်
ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Gionee ရဲ့မျိုးဆက်သစ်
စမတ်ဖုန်းကိုလည်း ပြီးခဲ့သည့်နှစ်ကုန် ပိုင်းလောက်က မိတ်ဆက်ပေးထားပါသေးတယ်။
ဒါကြောင့် M5 Plus ဆိုတဲ့ ဟန်းဆက် ကောင်းသည်လည်း အရည်အသွေး
ပြည့်ဝခြင်းကြောင့် သုံးစွဲသူတွေကို ၀ယ်ယူသုံးစွဲချင်စိတ်ဖြစ်အောင် ဆွဲဆောင်ပါလိမ့်ဦးမယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
ဒါကြောင့် Marathon M5 မှာ မျက်နှာပြင် ပုံရိပ်ဖော်ပြမှုကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ့် (720×1280 pixels) ကို ပေးစွမ်းထားပါတယ်။ Display ကတော့ AMOLED ဖြစ်ပြီး ၅.၅ လက်မမျက်နှာပြင်မှာ ပုံရိပ်တွေ ကိုအသေးစိတ်မြင်တွေ့နိုင်ဖု
Gionee M5 မှာ Quad-Core 1.3 GHz ပရိုဆက်ဆာ ကိုသုံးစွဲနိုင်မှာဖြစ်ပါ တယ်။ RAM ကတော့ 3GB ထောက်ပံ့ပေးထားပါတယ်။ အချက်အလက်တွေ သိုလှောင်သိမ်းဆည်းထားနိုင်
Mobile Guide Journal (Every Monday)
https://www.facebook.com/