8/18/2015

♪ Samsung Galaxy Note5 ကို ပြည်တွင်း၌ စတင်မိတ်ဆက် ♫


Samsung Electronics မှ S Pen လုပ်ဆောင်ချက်အသစ်များ ထောက်ပံ့ပါဝင်သော Galaxy Note 5 ကို ပြည်တွင်း၌ စတင်မိတ်ဆက်ခဲ့ပြီး ယခုနှစ် သြဂုတ်လ ၂၃ ရက်တွင် စတင်ရောင်းချ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။


Galaxy Note 5 သည် မြင်ကွင်းအကျယ် ၅.၇ လက်မရှိသော Quad HD Display အမျိုးအစားနှင့် 14 nm Octa-core Processor ကို အသုံးပြုထားသည်။ 16 MP OIS အမျိုးအစား ကျောဘက်ကင်မရာနှင့် 5 MP အမျိုးအစား ရှေ့ကင်မရာများကို အသုံးပြုထားပြီး ဘက်ထရီမှာ 3000 mAh အမျိုးအစားဖြစ်သည်။ ဘက်ထရီပိုင်းတွင် ကြိုးမဲ့အားသွင်းစနစ်ကို ထည့်သွင်းပေးထားပြီး အဆိုပါစနစ်သည် ယခင်ထွက်ရှိ ထားသည့် Samsung ထုတ်ကုန်များတွင် အသုံးပြုထားသည့် ကြိုးမဲ့အားသွင်းစနစ်များထက် အားသွင်းမှုနှုန်း ၃၃ ရာခိုင်နှုန်း ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါ Galaxy Note 5 ကို တန်ဖိုး ၈၈ဝ,ဝဝဝ ကျပ်ဖြင့် ဖြန့်ချိ ရောင်းချသွားမည်ဖြစ်ပြီး စတင်မိတ်ဆက် ရောင်းချသည့်နေ့တွင် အထူးပရိုမိုးရှင်းအဖြစ် ၈၅ဝ,ဝဝဝ ကျပ်ဖြင့် ရောင်းချပေးမည့် အပြင် Samsung Battery Pack, 32 GB OTG Flash Drive နှင့် ကျပ် ၅ဝ,ဝဝဝ တန်ဖိုးရှိ Ooredoo SIM ကတ်များကို လက်ဆောင် အနေဖြင့် ထည့်သွင်းပေးသွားမည် ဖြစ်သည်။

အထူးပရိုမိုးရှင်း အစီအစဉ်ကို ရန်ကုန်မြို့ လှည်းတန်းစင်တာရှိ Samsung Showroom နှင့် မန္တလေး Sedona ဟိုတယ်တို့တွင် အထက်ပါနေ့ တစ်ရက်တည်းသာ ကျင်းပပြုလုပ် ရောင်းချသွားမည်ဖြစ်ပြီး နယ်မှ မှာယူလိုသူများအနေဖြင့် ဧရာဝတီဘဏ်မှတစ်ဆင့် သြဂုတ်လ ၂၁ ရက်အထိ ကြိုတင်မှာယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com