8/24/2015

ကင်မရာ ချွတ်ယွင်းချက်ရှိသော iPhone 6 Plus အချို့ကို Apple အခမဲ့ ပြင်ဆင်ပေးမည်






ဓာတ်ပုံရိုက်ကူးရာတွင် မှုန်ဝါးသည့် ဓာတ်ပုံများကိုသာ ရရှိစေနိုင်သော iPhone 6 Plus အချို့၏ ကင်မရာကို Apple က အခမဲ့ အစားထိုးလဲလှယ်ပေးမည်ဟု သိရသည်။

အဆိုပါ iSight ကင်မရာ ချွတ်ယွင်းချက်သည် iPhone 6 Plus ရာခိုင်နှုန်း အနည်းငယ်တွင်သာ ဖြစ်ပွားခြင်း ဖြစ်ကြောင်း Apple မှ ပြောကြားခဲ့သည်။

ကင်မရာ ချွတ်ယွင်းချက်ရှိသော iPhone 6 Plus အများစုသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီအတွင်း ရောင်းချခဲ့သော ထုတ်ကုန်များဖြစ်ကြောင်း Apple မှ ဆိုခဲ့သည်။
သုံးစွဲသူများ အနေဖြင့် မိမိတို့၏ iPhone 6 Plus တွင် ကင်မရာချွတ်ယွင်းချက် ရှိမရှိကို ဖုန်း၏ serial number ထည့်သွင်းကာ သိရှိနိုင်စေရန်အတွက် Apple က ဝက်ဘ်ဆိုက်တစ်ခုကို လွှင့်တင်ပေးခဲ့သည်။

iPhone 6 Plus ကင်မရာ ချွတ်ယွင်းချက်ရှိသူများ အနေဖြင့် အဆိုပါ ဝက်ဘ်ဆိုက်တွင် တည်နေရာနှင့်တကွ ဖော်ပြထားသော Apple store သို့မဟုတ် authorized service provider ထံသို့ သွားရောက်ကာ အခမဲ့ ပြင်ဆင်နိုင်မည် ဖြစ်သည်။

iPhone 6 Plus ကို စက်တင်ဘာလကုန်တွင် iPhone 6 နှင့်အတူ ရောင်းချခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပြိုင်ဘက် Samsung ၏ အောင်မြင်မှုရရှိခဲ့သော screen အရွယ်အစားကြီးမားသည့် စမတ်ဖုန်းများနှင့် ယှဉ်ပြိုင်နိုင်ခဲ့ပြီး ယခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်၌ 6 Plus က အရောင်းရဆုံး phablet အဖြစ် ရပ်တည်ခဲ့သည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)
 My Facebook Account Click



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download