8/18/2015

♪ MEC ဖုန်းလိုင်းပိတ်ခြင်းများ Customer Care Center တွင် စတင် ဆောင်ရွက်ပေးနေ ♫


MEC ဖုန်းလိုင်းပိတ်ခြင်းများ Customer Care Center တွင်စတင်ဆောင်ရွက်ပေးနေ ပြီဖြစ်ကြောင်း မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူကပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ MEC Customer Care Center များတွင် စတင်ဆောင် ရွက်ပေး နေခြင်းဖြစ်ပြီး ယခင်ကMEC ဖုန်းလိုင်းပိတ်ခြင်းများကို တိုင်းမန်နေဂျာ ရုံးတွင် သာ ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေရာတို့ချဲ့ဆောင်ရွက်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်အနေဖြင့် ယခင်က စာတိုက်ကြီး အနီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းမန်နေဂျာရုံး တွင် ဆောင်ရွက်နိုင်ကြောင်း၊ ဖုန်းလိုင်းပိတ်ခြင်းကို အခမဲ့ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့ရှိ MEC Customer Care Center များတွင် MEC ဖုန်းများ၏ ၀န်ဆောင်မှုများ၊ ကတ်ပျောက်၊ ကတ်ပျက်လျှောက်ထားခြင်းများ ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ နေရာများ ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက် ပြောကြား သည်။ MEC ၏ဖုန်းပြောခနှင့် အင်တာနက်အသုံးပြုခ နှုန်းထားများကို သြဂုတ်လ (၁၀) ရက်နေ့မှ စတင်ကာ လျှော့ချခဲ့သည်။ ယခင်ဖုန်းပြောခနှုန်းထား အနေဖြင့် MEC Tel ဖုန်းအမျိုးအစား အချင်းချင်းကို တစ်မိနစ်လျှင် ၃၅ ကျပ်ကို ၂၂ သို့လည်းကောင်း၊ MEC Tel ဖုန်းမှ အခြားအော်ပရေတာများသို့ ခေါ်ဆိုခကို ယခင်တစ်မိနစ်လျှင် ၅၀ ကျပ်မှ ယခု ၂၃ ကျပ်သို့ လည်းကောင်း လျှော့ချ သတ်မှတ်လိုက်ကြောင်း တာဝန်ရှိသူကပြောသည်။

အင်တာနက်အသုံးပြုခနှုန်းထားအနေဖြင့် ယခင် တစ်မိနစ်လျှင် လေးကျပ်မှ ယခုသုံးကျပ်သို့ လည်းကောင်း လျှော့ချ သတ်မှတ် လိုက်ကြောင်း သိရသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com