8/21/2015

♪ စမ်းသပ်ခဲ့သမျှ စမတ်ဖုန်း display များအနက် Galaxy Note 5 က အကောင်းဆုံးဖြစ်ကြောင်း DisplayMate ပြောကြား ♫


Samsung ၏ Galaxy Note 5 စမတ်ဖုန်းသစ်တွင် စွမ်းဆောင်ရည် အကောင်းဆုံး screen ကို ပိုင်ဆိုင်ထားကြောင်း DisplayMate ၏ အစီရင်ခံစာသစ်အရ သိရသည်။

Galaxy Note 5 နှင့် Galaxy S6 Edge+ တို့၏ screen များကို လေ့လာဆန်းစစ်ကာ စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ၎င်း ဖုန်းနှစ်မျိုးစလုံး၏ display စွမ်းဆောင်ရည်သည် အလွန်မြင့်မားကြောင်း၊ S6 Edge+ ၏ screen အရွယ်အစားသည် Note 5 နှင့် တူညီသော်လည်း Note 5 ၏ display စွမ်းဆောင်ရည်က အမှတ်ပိုသာကြောင်း DisplayMate အကြီးအကဲ ရေမွန်ဆိုနေရာက ပြောကြားခဲ့သည်။

Samsung သည် စမတ်ဖုန်းဈေးကွက်တွင် ခက်ခဲသည့်အချိန်နှင့် ရင်ဆိုင်နေရပြီး ရောင်း အားနှင့် ဈေးကွက်ရှယ်ယာ ကျဆင်းမှုမှာလည်း နှစ်နှစ်နီးပါးခန့် ရှိလာခဲ့သည်။ မတ်လတွင် ကုမ္ပဏီက Galaxy S6 နှင့် Galaxy S6 Edge တို့ကို ဖြန့်ချိခဲ့သော်လည်း ရလဒ်ကို မပြောင်းလဲနိုင်ခဲ့ဘဲ ဇွန်လ ၃၀ တွင် အဆုံးသတ်သည့် သုံးလပတ်တွင် ၇ ကြိမ်ဆက် သုံးလပတ် ဝင်ငွေကျဆင်းမှုနှင့် တွေ့ကြုံခဲ့ရသည်။

Samsung သည် ဈေးသက်သာသည့် စမတ်ဖုန်းများ ထုတ်လုပ်သော တရုတ်ကုမ္ပဏီများဖြစ်သည့် Xiaomi, Huawei တို့ဖြင့် ယှဉ်ပြိုင်နေရသလို တန်ဖိုးမြင့် စမတ်ဖုန်းများတွင်လည်း Apple နှင့် ယှဉ်ပြိုင်ရလျက်ရှိသည်။ ထို့နောက်ဆုံးရှုံးသွားသည့် ဈေးကွက်ရှယ်ယာအချို့ကို ပြန်လည်ရယူနိုင်ရန်နှင့် ရောင်းအားပြန်လည် မြင့် တက်လာစေရန်အတွက် Note 5 နှင့် Galaxy S6 Edge+ တို့ကို Samsung က မိတ်ဆက်ပေးခဲ့သည်။

Galaxy Note 4 နှင့် နှိုင်းယှဉ်လျှင် Note 5 တွင် ပိုမိုကောင်းမှုသည့် အလင်းအား၊ ကြည်လင်ပြတ်သားသည့် screen နှင့် အလင်းအားကောင်းသည့် နေရာများတွင် screen ကို အကောင်းဆုံး ကြည့်ရှုနိုင်ခြင်း တို့ကို ထောက်ပံ့ပေးထားသည်။

ထို့အပြင် Note 5 သည် ယခင်အမျိုးအစားထက် စွမ်းအင်သုံးစွဲမှု ပိုမိုနည်းပါးပြီး display မှာလည်း စမ်းသပ်ခဲ့ဖူးသမျှ မိုဘိုင်း display များအနက် အရောင်တိကျမှုရှိပြီး လှပသော ပုံရိပ်များ ကို ဖော်ပြပေး နိုင်ကြောင်း ဆိုနေရာက ပြောကြားခဲ့သည်။

Ref: CNET
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com