8/31/2015

♪ “Asus Zenfone 2 Deluxe” အကြောင်းအသေးစိတ်ဖော်ပြချက်များ ♫


၈လပိုင်းနှင့်၉လပိုင်းတို့တွင် Asus ဟာမျက်နှာပြင်ကျယ်ဝန်းသော ဖုန်း ကိုယ်ထည် အရွယ်အစားကြီးမား သည့်ဟန်းဆက်များကိုထုတ်လုပ်ရောင်းချ ပေးပါမယ်။Zenfone Max ဟာကြီးမားကျယ်ပြန့်တာကြောင့် ကိုင်ဆောင် အသုံးပြုတဲ့အခါတွင်လည်းထင်သာမြင်သာနဲ့စတိုင်ကျစေပါတယ်။ အထူး သဖြင့် Phablet အရွယ်အစားဟန်းဆက်များကိုသုံးချင်သူများအတွက် အဆင်ပြေစေမယ့်ဖုန်းပါ။ Zenfone 2 Deluxe ရဲ့မော်ဒယ် နံပါတ်ကတော့ ZE 551ML ဖြစ်ပါတယ်။

ဖုန်းရဲ့အနောက်ဘက်ကာဗာဒီဇိုင်းဟာ ဆန်းသစ်သောအသွင်အပြင်ရှိပါတယ်။ ဒီဇိုင်းဆန်းသည့်ဖုန်းကို သုံးချင်သူများရွေးချယ်သင့်ပါတယ်။ 2G, 3G, 4G networkအထောက်အပံ့ရရှိမယ့် အဆိုပါဖုန်းရဲ့ အရွယ်အစားပမာဏ ကတော့ 152.5 × 77.2 × 10.9 mmဖြစ်ကာ၊ အလေးချိန်သည်170g ရှိပါတယ်။ Dual SIM အမျိုးအစားဖြစ်သည့်အပြင် Dual Call လည်း လုပ်ဆောင်နိုင်ပါမယ်။ ထည့်သွင်းရမယ့် ဆင်းကတ်အမျိုးအစားကတော့ Micro SIM ပါ။ IPS LCD capacitive touchscreen ရဲ့အကျယ်အ၀န်း ပမာဏ ဟာ5.5 inchesရှိပြီး၊မြင်ကွင်းစွမ်းရည်အတွက်ထောက်ပံ့ပေးထားသော pixels ပမာဏကတော့ 1080 × 1920ပါ။ တစ်လက်မမှာရှိမယ့် pixelပမာဏသိပ်သည်းဆဟာ401ppi ဖြစ်ပါတယ်။

Asus Zen UI အသုံးပြုနိုင်မယ့်ဖုန်းမျက်နှာပြင်တွင်Gorilla Glass 3 ဖုံးအုပ် ပေးထားပါတယ်။Chipset နဲ့CPU ဟာနှစ်မျိုးနှစ်စားဖြစ်နိုင်ပါတယ်။Intel Atom Z3580/Intel Atom Z3560 နှင့်Quad Core 2.3 GHz/Quad Core 1.8 GHz ဟူ၍ ဖြစ်ပါတယ်။ အဓိကကင်မရာသည်13MPစွမ်းရည်ရှိပြီး ၊ ရှေ့ ကင်မရာငယ်ကတော့5MP စွမ်းရည်ပါ။မှတ်ဥာဏ်ပမာဏတွင် RAM သည် 4GB ဖြစ်ပြီး၊ဘက်ထရီမှာ Li-Po 3000 mAhပါ။

<Specification>
Network - GSM/HSPA/LTE
CPU - Quad Core 2.3 GHz/ Quad Core 1.8GHz
Memory - 64/128GB, up to 128GB
OS - Android OS, v5.0
Bluetooth - v4.0
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com