8/22/2015

♪ ဖုန်းဝယ်ရာမှာ internal များတာ ဘာကြောင့်ဝယ်သင့်သလဲ ♫


Notification တွင်Memory full စာတန်းပေါ်လာသောအခါ ဖုန်းနှေးသွားပါသည်။ Application များအတွက် memory နေရာကုန်သွားသောကြောင့်ဖြစ်သည်။ ထိုအခါ cached ရှင်းသော app များသုံး၍ ဖုန်းကို ရှင်းလင်းပေးပါမှ အဆင်ပြေသွားပါသည်။

မိမိဖုန်း build in ပါလာသော memory ကို ၂ခြမ်းခွဲထားသည်။ တစ်ခြမ်းသည် app များ install လုပ်ရန်ဖြစ်ပြီး၊ တစ်ခြမ်းမှာ သီချင်းများ၊ မိမိ file များထည့်ရန်ဖြစ်သည်။ ထို၂ ခုကိုညီတူညီတူခွဲထားပြီး root မလုပ်ပါက apk များ install လုပ်သော အစိတ်အပိုင်းကို မြင်ရမည်မဟုတ်ပါ။ Android က ထိုနေရာကို လုံခြုံရေးအတွက် hide လုပ်ပေးထားပါသည်။


အကယ်၍ ကိုကိုမမ ဖုန်းတွင် internal 4gbပါဝင်ပါ က application install လုပ်ရန်နေရာသည် 2gb အောက်သာဖြစ်သည်။ facebook ၊ viber image ၊ launcher app များက နေရာအမြောက် အမြားယူထားသောကြောင့် cached အမြောက်အမြား ဖန်တီးသည့် ဂိမ်းများကိုသွင်းနိုင်မည်မဟုတ်ပေ။

sd card ထဲ ရွေ့လိုက်သော apkများသည် ကွန်ပျူတာဖြင့် ချိတ်လိုက်ပါက ပျောက်သွားခြင်း၊ force stop အကြိမ်ကြိမ်ဖြစ်ခြင်းများ ဖြစ်နိုင်သည်။

Credit: Android Parragu blog


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com